ပီရူးနိုင်ငံမြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိခဲ့တဲ့ သချိုင်းတခုဟာ ကမ္ဘာမှာ ကလေးငယ်တွေကို အများဆုံး ယစ်ပူဇော်ခဲ့တဲ့နေရာတခု ဖြစ်တယ်လို့ ရှေးဟောင်းသုတေသီတွေက ဧပြီ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ရှေးဟောင်းသုတေသီတွေဟာ အဲဒီနယ်မြေမှာ နတ်တွေကို ယစ်ပူဇော်ထားတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀ ၀န်းကျင်က ကလေးငယ် အယောက် ၁၄၀ ရဲ့ ရုပ်ကြွင်းတွေနဲ့ လာမာ ကုလားအုပ်အကောင် ၂၀၀ ရဲ့ ရုပ်ကြွင်းတွေကို တူးဖော်တွေ့ရှိခဲ့တာပါ။
ကလေးငယ်နဲ့ ကုလားအုပ်တွေရဲ့ ရုပ်ကြွင်းတွေကို လေ့လာချက်အရ ရင်ခွဲထားပြီး နှလုံးကို ထုတ်ယူဖို့ ဖြစ်နိုင်ချေရှိတယ်လို့ Natiional Geographic ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။
ကလေးငယ်တွေရဲ့ ခန့်မှန်းအသက်ကတော့ ၆ နှစ်က ၁၅ နှစ်ကြားပါ။ ၂၀၁၆ ခုနှစ်မှာ တူးဖော်လေ့လာမှု ပြီးဆုံးခဲ့ပါတယ်။
အဲဒီ ဂူတွေထဲက ချည်ထည်နဲ့ကြိုးတွေဟာ စစ်ဆေးမှုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ နဲ့ ၁၅၀၀ ၀န်းကျင်က ပစ္စည်းတွေဖြစ်နိုင်ကြောင်း National Geographic ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago