ပီရူးနတ်ဆရာတွေဟာ ပီရူးမြို့တော် လီမာမြို့မှာ ဒီဇင်ဘာ ၂၉ ရက်က စုရုံးခဲ့ကြပြီး နှစ်ဟောင်းကုန်ဆုံးတဲ့ ပူဇော်ပွဲကို ရိုးရာအရ ကျင်းပပါတယ်။
အဲဒီနောက် ၂၀၁၇ ခုနှစ်အတွက် ရှေ့ဖြစ်ဟောကိန်းတွေကို ပြောဆိုလိုက်ပါတယ်။
၂၀၁၇ ဟာ ပဋိပက္ခနှစ်တနှစ်အဖြစ် နတ်ဆရာတွေက ဟောကိန်းထုတ်ပါတယ်။
ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ ကမ္ဘာတလွှား စစ်ပွဲတွေ ဆက်ဖြစ်မယ်၊ အမေရိကန်နဲ့ အစ္စရေး မဟာမိတ်ဖြစ်မယ်လို့ နတ်ဆရာတွေထဲက တဦးက ဟောပါတယ်။
ဗင်နီဇွဲလားနဲ့ ချီလီမှာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ဆိုးရွားမယ်လို့လည်း နတ်ဆရာ ဟွမ်အော့စ်ကိုက ဟောပါတယ်။
ဘိုလီးဗီးယားသမ္မတ အီဗိုမိုရေးစ်ကတော့ ပြန်ရွေးကောက်ခံရပြီး လူကြိုက်များမယ်၊ အီကွေဒေါသမ္မတလည်း ကံကြမ္မာ မျက်နှာသာပေးတာ ခံရမယ်လို့ သူက ဆက်ဟောပါတယ်။
ချီလီနိုင်ငံမှာတော့ ငလျင်ကြီးလှုပ်မယ်၊ တိုက်ခိုက်မှုတွေ ဖြစ်မယ်လို့ ဆိုပါတယ်။
မနှစ်ကတော့ နတ်ဆရာတွေဟာ ပြင်သစ်နဲ့ ဥရောပမှာ မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။
အာဂျင်တီးနားနဲ့ ဗင်နီဇွဲလားမှာ ရုန်းကန်ရလိမ့်မယ်လို့လည်း ဟောခဲ့ပါတယ်။
ဒါပေမယ့် အမေရိကန်က ကျူးဘားကို ဒဏ်ခတ်မှု ဖြေလျှော့မယ်၊ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ ရှုံးမယ်လို့လည်း အဲဒီနတ်ဆရာတွေ မနှစ်က ဟောခဲ့ပါတယ်။
6 years Ago