ပီရူးနိုင်ငံက ရှေးဟောင်းသုတေသနပညာရှင်တွေဟာ မြို့တော်လီမာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ ကျော်ကလို့ ယူဆရတဲ့ နံရံထွင်းပန်းချီတခုကို မေ ၂၄ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။
ဂရာဂေး ရှေးဟောင်းတူးဖော်ရေး ဧရိယာမှာရှိတဲ့ သုတေသနပညာရှင်တွေဟာ အဲဒီနံရံမှာရှိနေတဲ့ သဲတွေကို ဂရုတစိုက်နဲ့ ရှင်းလင်းလိုက်တဲ့အခါ ကျောက်သားမှာ ထွင်းထုထားတဲ့ ရှေးဟောင်းနတ်ဘုရား မျက်နှာပုံတွေ ပေါ်လာတာ တွေ့ရပါတယ်။
အဲ့ဒီနံရံထွင်းပန်းချီတွေဟာ ဘာသာရေးအဆောက်အဦတခုရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ဂရာရေးဧရိယာဟာ ပီရူးနိုင်ငံမှာ အထင်ရှားဆုံး ရှေးဟောင်းသုတေသနတူးဖော်ရေး နေရာတွေထဲက တခုဖြစ်ပါတယ်။
အဲဒီနေရာဟာ အင်္ဂလိပ်အက္ခရာ ယူပုံသဏ္ဌာန်ရှိပြီးတော့ ဘာသာရေးပွဲတော်တွေအတွက် အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ယူဆထားကြပါတယ်။
လက်ရှိ ပီးရူးနိုင်ငံမြို့တော်မှာ အခုလို နံရံထွင်းပန်းချီတွေ တွေ့ရှိတာကြောင့် အရင်က အဲ့ဒီဒေသမှာ လွှမ်းမိုးခဲ့တဲ့ ကူးပီနိစ်နဲ့ ချာဗင် (Cupisnique and Chavin) ယဉ်ကျေးမှုတွေကို လေ့လာနိုင်ဖို့အတွက် လမ်းစသစ်ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် အကြိုဟစ်ပန်နစ် (pre-hispanic) ယဉ်ကျေးမှုလေ့လာရေးအတွက်လည်း လမ်းစသစ် ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီယဉ်ကျေးမှုတွေဟာ ဘီစီ ၉၀၀ လောက်က အမေရိကတိုက်မှာ ထွန်းကားခဲ့တဲ့ ယဉ်ကျေးမှုတွေ ဖြစ်ပါတယ်။
6 years Ago