ပီရူးတွင် ရေလွှမ်းမိုးမှုကြောင့်

February 3, 2017

ပီရူးတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၃ သောင်းခန့် ရေဘေးသင့် (ရုပ်သံ)

ပီရူးနိုင်ငံရဲ့မြို့တော် လီမာမှာ အကြီးအကျယ် ရေလွှမ်းမိုးနေလို့ လူအယောက် ၃၀၀၀၀ လောက် ရေဘေးသင့်ခဲ့ပါတယ်။ လူအနည်းဆုံး ၁၄ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရနဲ့ အမျိုးသား အရေးပေါ် ဆောင်ရွက်ရေးဌာန(အင်ဒေစီ)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အစီရင်ခံပြီး မြို့တော်တွင်းမှာလည်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ မိုးကြောင့် တံတားတစင်း ပျက်စီးခဲ့ပြီး လီမာမြို့တွင်း ဗဟိုအဝေးပြေးလမ်းမကြီး ပိတ်ဆို့ခဲ့ပါတယ်။ ဒါဟာ နိုင်ငံ အလယ်ပိုင်းနဲ့ မြို့တော်ကို ဆက်သွယ်ထားတဲ့ အဓိကလမ်းကြောင်းလည်း ဖြစ်ပါတယ်။ မြစ်ကို လူထူတဲ့ဒေသကနေ ရီမတ်မြစ်ဆီ ၁ ကီလိုမီတာလောက် လွှဲထုတ်ဖို့ အမျိုးသားရေဆိုင်ရာ အာဏာပိုင်အဖွဲ့ဆီ ဒေသခံတွေက အစောပိုင်းက ပြောခဲ့ပေမယ့် တုံ့ပြန်မှု တစုံတရာ မရခဲ့ဘူးလို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ရုတ်တရက် ရေကြီးမှုကြောင့် ပိုင်ဆိုင်မှုတွေရော၊ ကိုယ့်ကိုယ်ကိုယ်ပါ ကာကွယ်ဖို့ အချိန်မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အချိန် ၅ မိနစ်အတွင်း ရေအမြန်တက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးသင့်နိုင်မယ့် လူတွေကို တပ်လှန့်ဖို့ ရဲက ကင်းလှည့်ရင်း ဥသြဆွဲခဲ့ပါတယ်။ ရေဘေးသင့်သူတွေကို သူတို့ပစ္စည်းတွေ စောင့်ကြပ်ရင်း တွေ့ရသလို အရပ်ဘက် ကာကွယ်ရေး လုပ်သားတွေက သူတို့ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနေပါတယ်။ အရေးပေါ် အခြေအနေတွင်း စက်ကြီးတွေကို သုံးပြီး ရွှံ့တွေကို ဖယ်ထုတ်နေရပြီး မီးသတ်သမားတွေလည်း လာရောက် ကူညီခဲ့ပါတယ်။ မိုးက ဆက်ရွာမယ်လို့ မျှော်လင့်ထားပြီး မြစ်ရေကြီးတာနဲ့ ရွှံ့မြေပြိုကျတာတွေ ဆက်ဖြစ်နေမယ်လို့ မျှော်လင့်ထားပါတယ်။
4 years Ago
Up