ပီရူးတွင် မီးတောင်ပေါက်ကွဲ၊ မီးခိုးနှင့်ပြာမှုန်များ ပေတသောင်းကျော်အထိ မြင့်တက်

December 27, 2016

ပီရူးတွင် မီးတောင်ပေါက်ကွဲ၊ မီးခိုးနှင့်ပြာမှုန်များ ပေတသောင်းကျော်အထိ မြင့်တက် (ရုပ်သံ)

ပီရူးနိုင်ငံရှိ Sabancaya မီးတောင် ဒီဇင်ဘာ ၂၆ ရက်နေ့က ပေါက်ကွဲခဲ့ပြီး မီးခိုးနဲ့ ပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ ပေ ၁ သောင်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။ အဲဒီမီးတောင်ဟာ ၂၆ ရက်နေ့ မနက် ဒေသစံတော်ချိန် ၈ နာရီ ၂၄ မိနစ်မှာ ပြန်လည်အသက်ဝင်လာပြီး ပေါက်ကွဲမှု စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့အတွက် မီးတောင်ပတ်လည် အနီးတဝိုက် နေထိုင်သူတွေအနေနဲ့ မီးခိုးနဲ့ ပြာမှုန်ဒဏ်ကို ခံရနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးနှိုးဆော်ထားပါတယ်။ အလားတူပေါက်ကွဲမှုမျိုး ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ထိ အသေးစားပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ၂၆ ရက်နေ့မှာတော့ ထူးထူးခြားခြား ပေါက်ကွဲမှုတွေ ထပ်ဖြစ်ခဲ့ပြီး မီးခိုးနဲ့ ပြာမှုန်တွေဟာ ပေ ၁၁၅၀၀ အထိ မြင့်တက်ခဲ့ပါတယ်။ Sabancaya မီးတောင်ဟာ အမြင့်ပေ ၂၀၀၀၀ ရှိပြီး "tongue of fire" “မီးတောက်တွေရဲ့လျာ” အဖြစ် နာမည်ကြီးကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up