ပီရူးနိုင်ငံ အန်ဒီယံဒေသထဲမှာ လိုင်းကားတစီး လမ်းချော်ပြီး ချောက်ထဲကျသွားတဲ့ မတော်တဆမှုအတွင်း ရဲအရာရှိ ၁၂ ဦး သေဆုံးသွားပါတယ်။
ဘတ်စ်ကားဟာ လမ်းကြမ်းပေါ်မှာ မောင်းရင်းနဲ့ လမ်းချော်ပြီး ချောက်ထဲကို ထိုးကျသွားတာလို့ အစိုးရက ပြောပါတယ်။
ရဲအရာရှိတွေဟာ တောင်ပေါ်ဒေသဖြစ်တဲ့ အန်တာဘမ်ဘာပြည်နယ်ကို သွားပြီး ဒေသခံ အရာရှိတွေ၊ ဒေသခံတွေနဲ့ လုံခြုံရေးကိစ္စ အစည်းအဝေးလုပ်ဖို့ ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။
ချောက်ကမ်းပါထဲကျပြီး အသက်မသေသေးတဲ့ လူတွေကို ရဟတ်ယာဉ် ၂ စင်းနဲ့ ကယ်တင်နေရတယ်လို့ ပြည်ထဲရေးဌာနက ပြောပါတယ်။
ရဲ ၄ ဦးကတော့ အရေးပေါ်အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။
ပီရူးမှာ လမ်းပေါ် ယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးတာတွေက ဖြစ်ရိုးဖြစ်စဉ်တခု ဖြစ်ပါတယ်။
ရဲအဖွဲ့ကလည်း ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ ဆန္ဒပြနေတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့ အသွားမှာ မတော်တဆ ဖြစ်ခဲ့တာပါ။
မတော်တဆဖြစ်ရတဲ့ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ပြည်ထဲရေးဌာနက ပြောပါတယ်။
6 years Ago