ပီရူးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေး ၇ တန်ကျော် မီးရှို့ဖျက်ဆီး

October 13, 2016

ပီရူးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေး ၇ တန်ကျော် မီးရှို့ဖျက်ဆီး

ပီရူးအာဏာပိုင်တွေက ကျန်ခဲ့တဲ့ ၇ လအတွင်း စစ်ဆင်ရေးအသီးသီးကနေ ရဲတွေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေး ၇ တန်ကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဖျက်ဆီးခံ မူးယစ်ဆေးတွေထဲမှာ ကိုကင်းပုံစံမျိုးစုံ၊ ဆေးခြောက်နဲ့ ဘိန်းတွေလည်း ပါပါတယ်။ ရာဇဝတ်မှုရေးရာ ပညာရှင်တွေနဲ့ ပီရူး ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်တွေက မူးယစ်ဆေးတွေ သန့်စင်မှုအတွက် စစ်ဆေးချိန်တွယ်တဲ့ လုပ်ငန်းကို ကြီးကြပ်ခဲ့ကြပါတယ်။ ရဲတွေဟာ လတ်တလောမှာလည်း လျှို့ဝှက် လေယာဉ်ဆင်းကွင်း ၆၄ ခုကို သိမ်းပိုက်ထားတယ်လို့ ရဲညွှန်မှူုး ဗိုလ်ချုပ်ကြီး ဗင်းဆင့် ရိုမီရိုက ပြောပါတယ်။ ပီရူးနိုင်ငံဟာ ပစ်မှတ်အသစ် ဖြစ်လာချိန်မှာ မူးယစ်ဆေးနှိမ်နင်းရေး အားထုတ်နေတာလို့ ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရတို့က ဆိုပါတယ်။ ပီရူးဟာ လောလောဆယ်မှာ ကမ္ဘာ့ထိပ်တန်း ကိုကင်းထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာပါတယ်။
6 years Ago
Up