ပီရူးနိုင်ငံမှာရှိတဲ့ ဆဘာကာယ မီးတောင်ဟာ ဇူလိုင် ၂၆ ရက်နေ့က တပတ်အတွင်း နှစ်ကြိမ်မြောက် ပေါက်ကွဲခဲ့လို့ မီးတောင်ဝကနေ အမြင့်ပေ ၁၃,၁၂၃ ထိအောင် ပြာပူတွေ မှုတ်ထုတ်လျက်ရှိပါတယ်။
ဒီမီးတောင်ဟာ ပီရူးနိုင်ငံ ကာရေလိုမာ (Caylloma) ပြည်နယ်မှာရှိပြီး လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒီမီးတောင်ဟာ အခုတပတ် အစောပိုင်းကလည်း ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေကို အမြင့် ၁၂,၇၆၃ ပေထိ မှုတ်ထုတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago