ပီရူးတရားရေးဌာန

July 20, 2018

ပီရူးတရားရေးဌာန အကြီးအကဲ ရာထူးကနုတ်ထွက်

ပီရူးတရားရေးဌာန အကြီးအကဲ ဒူဘာရီ ရိုဒရီဂုစ်ဟာ အကျင့်ပျက်မှု အရှုပ်တော်ပုံကြောင့် ဇူလိုင် ၁၉ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီ အကျင့်ပျက်မှု အရှုပ်တော်ပုံမှာ တရားသူကြီးတွေရဲ့ လူမသိသူမသိ အပေးအယူ လုပ်ဆောင်မှုများစွာကို ဖမ်းယူထားတဲ့ လျှို့ဝှက်ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေ ပါဝင်ပါတယ်။ ရာထူးကနေ နုတ်ထွက်သူ ဒူဘာရီ ရိုဒရီဂုစ်က အဖွဲ့အစည်းဆိုင်ရာ အကျပ်အတည်းကြောင့် အခုလို နုတ်ထွက်ရတာဖြစ်ကြောင်း တွစ်တာမှာတင်ခဲ့တဲ့ သူ့ရဲ့စာမှာ ဖော်ပြပါတယ်။ ပီရူးနိုင်ငံမှာ သမ္မတ ကူချန်စကီ ရာထူးကနေ နုတ်ထွက်ပြီး ၄ လ အကြာမှာတော့ နိုင်ငံရဲ့ ထိပ်တန်းတရားသူကြီးတွေနဲ့ နိုင်ငံရေးပုဂ္ဂိုလ်တွေဟာ အကျင့်ပျက်မှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up