ပီကေး၏ နောက်ကျချေပဂိုးဖြင့် ဘာစီလိုနာနှင့် အက်စ်ပန်ညို ၁ ဂိုးစီသရေကျ

February 5, 2018

ပီကေး၏ နောက်ကျချေပဂိုးဖြင့် ဘာစီလိုနာနှင့် အက်စ်ပန်ညို ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်တဲ့ စပိန်လာလီဂါပွဲစဉ်မှာ အက်စ်ပန်ညိုနဲ့ ဘာစီလိုနာတို့ တဂိုးစီ သရေကျသွားတဲ့အတွက် ဘာဆီလိုနာအသင်းဟာ လာလီဂါရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ အက်စပန်ညိုကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲစဉ်မှာ အိမ်ရှင်အသင်းက ၆၆ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ၈၂ မိနစ်မှာတော့  ပီကေးရဲ့ ချေပဂိုးနဲ့အတူ ဘာစီလိုနာတို့ လာလီဂါရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့တာပါ။ ဘာဆီလိုနာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်အောင် ဘောလုံး ၂ လုံးသာ ကန်သွင်းနိုင်ခဲ့တာပါ။ လာလီဂါပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာတော့ ဘာဆီလိုနာအသင်းဟာ ဒုတိယနေရာက အက်သလက်တီကိုအသင်းကို ၉ မှတ်ဖြတ်ထားပြီး ထိပ်ကနေ ဦးဆောင်နေပါတယ်။
4 years Ago
Up