ပီအက်စ်ဂျီတိုက်စစ်မှူး

October 12, 2022

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ လီဗာပူးသို့ ပြောင်းရွှေ့လိုကြောင်း သတင်းထွက်

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတဲ့ တိုက်စစ်မှူး အမ်ဘာပေဟာ လီဗာပူးအသင်းကိုပဲ ပြောင်းရွှေ့လိုနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အခုနှစ် နွေရာသီကာလတုန်းက အသင်းနဲ့ တပတ်လုပ်ခ ပေါင် ၆ သိန်းခွဲတန် စာချုပ် ချုပ်ဆိုထားခဲ့တာပါ။

အမ်ဘာပေဟာ အခုနှစ်ရာသီအကုန်မှာ အသင်းပြောင်းရွှေ့မယ်လို့ ပီအက်စ်ဂျီအသင်းကို ပြောထားကြောင်း စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ အမ်ဘာပေဟာ အသင်းနဲ့ ဆက်ဆံရေး ပြိုကွဲလာပြီးနောက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အမြန်ဆုံးထွက်ခွာလိုနေကြောင်း မာကာသတင်းစာက ဖော်ပြပါတယ်။

ဒါပေမဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ကမ်းလှမ်းခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောင်းချဖို့ ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီအခြေအနေကြောင့် အမ်ဘာပေရဲ့ ပထမဦးစားပေးအသင်းဟာ လီဗာပူးအသင်း ဖြစ်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

လီဗာပူးနည်းပြ ကလော့ပ်ဟာ အမ်ဘာပေရဲ့ခြေစွမ်းကို သဘောကျသူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်တယ်လို့ ချီးကျူးခဲ့ဖူးပါတယ်။

2 months Ago

January 23, 2020

ဘောလုံးကို တင်ပါးဖြင့် လူပေးသည့်နေမာအား ပရိတ်သတ်များ အံအားသင့်

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ရမ်းစ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါဒယ်လာလီဂူးဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘောလုံးကို တင်ပါးသုံးပြီး လူပေးလိုက်တာကြောင့် ပရိတ်သတ်အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ အခုလို ဘောလုံးစွမ်းရည်ကို ထုတ်ပြခဲ့ပြန်တာကို မြင်တွေ့လိုက်ရသူတွေကတော့ နေမာကို အတော်လေးကို သဘောကျနေကြပြီးတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန်လည်ဝေမျှသူတွေလည်း များပြားနေပါတယ်။ နေမာဟာ သူ့ဆီလာတဲ့ ဘောလုံးကို တင်ပါးနဲ့ တွန်းထုတ်ပြီး အသင်းဖော်ဆီပေးလိုက်တာမျိုးကို ဘောလုံးသမားတော်တော်များများ ပြုလုပ်လေ့ မရှိကြပါဘူး။ အဲ့ဒီပွဲမှာ နေမာကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပေမယ့်အနိုင်ရရှိဖို့ အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ နေမာရဲ့တင်ပါးသုံး လူပေးမှုနဲ့ပီအက်စ်ဂျီအသင်းရဲ့ အနိုင်လို့တောင် မီဒီယာ တွေမှာ ချီးကျူးဖော်ပြခဲ့ကြပါတယ်
3 years Ago
Up