ပီအက်စ်ဂျီ

June 5, 2022

နည်းပြပိုချက်တီနိုနေရာတွင် မော်ရင်ညိုနှင့် အစားထိုးရန် ပီအက်စ်ဂျီအသင်းစီစဉ်

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ နည်းပြပိုချက်တီနိုရဲ့နေရာမှာ ရိုးမားနည်းပြ မော်ရင်ညိုကို အစားထိုးခန့်အပ်ဖို့ စီစဉ်နေတယ်ပါတယ်။

ပီအက်စ်ဂျီအသင်းဘုတ်အဖွဲ့ဟာ ချန်ပီယံလိဂ်အောင်မြင်မှုမရခဲ့တဲ့ နည်းပြပိုချက်တီနိုကို ရက်ပိုင်းအတွင်းမှာ ထုတ်ပယ်သွားဖို့ ရှိနေပြီး မော်ရင်ညိုကိုခန့်အပ်ဖို့ ဆန္ဒရှိနေကြတာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေါ်တိုနဲ့ အင်တာမီလန်အသင်းတွေနဲ့အတူ ချန်ပီယံဆုဖလား ရယူပေးခဲ့တဲ့မော်ရင်ညိုကို ပီအက်စ်ဂျီအသင်းဘုတ်အဖွဲ့က သဘောကျနေပြီး မကြာခင်မှာပဲ ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အသက် ၅၉ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကမှ ရိုးမားအသင်းနည်းပြဖြစ်လာခဲ့ပြီး ယူရိုကွန်းဖရန့်လိဂ်ဆုဖလား ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နည်းပြချုပ်ရာထူးအတွက် မော်ရင်ညိုကို ခန့်အပ်နိုင်ခြင်းမရှိဘူးဆိုရင်တော့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို ဆက်လက်ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ 

3 weeks Ago

June 1, 2022

ကိုဗစ်ကူးစက်ခံရပြီးနောက် တလခွဲကြာ မပြေးလွှားနိုင်ခဲ့ဟု မက်ဆီဖွင့်ဟ

ပြီးခဲ့တဲ့ရာသီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် တလခွဲလောက်အထိ မပြေးလွှားနိုင်ခဲ့ဘူးလို့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက ပြောပါတယ်။

မက်ဆီဟာ အခုနှစ် ဇန်နဝါရီလပိုင်းက ကိုဗစ်ကူးစက်ခံခဲ့ရပြီး ရောဂါပျောက်ကင်းသွားခဲ့ပေမဲ့ ပုံမှန်အတိုင်း ကစားနိုင်ဖို့ အချိန်အတော်ကြာ ကြိုးပမ်းခဲ့ရတာပါ။

အခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ မက်ဆီဟာ ဇန်နဝါရီ ၂၃ ရက်မှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းလေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကူးစက်ခံရတဲ့ ဒဏ်ကြောင့် အပြည့်အဝ ပြေးလွှားနိုင်တာမျိုး မရှိခဲ့ဘဲ တလခွဲလောက် အချိန်ယူခဲ့ရတယ်လို့ မက်ဆီက ပြောပါတယ်။

“ကိုဗစ်ကူးစက်ခံရချိန်မှာ အဆုတ်ကို ထိသွားခဲ့ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားခဲ့ရပါတယ်။ အဆုတ်တိုက်ခိုက်ခံခဲ့ရတာကြောင့် တလခွဲလောက် ကောင်းကောင်း မပြေးလွှားနိုင်တော့ဘဲ အဲဒီနောက်ပိုင်းကျမှ အရင်လို လျင်မြန်တဲ့ ပြေးလွှားမှုတွေ လုပ်နိုင်ခဲ့တယ်" လို့ မက်ဆီက ပြောပါတယ်။

အသက် ၃၄ နှစ်ရှိ မက်ဆီဟာ မနှစ်က ပီအက်စ်ဂျီနဲ့ လီဂူးဝမ်း ၂၆ ပွဲမှာ ၆ ဂိုးသွင်းပြီး ၁၄ ကြိမ် ဂိုးဖန်တီးမှု လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၁၇ ကြိမ် ဂိုးဖန်တီးမှုရှိခဲ့တဲ့ အသင်းဖော် အမ်ဘာပေပြီးရင် မက်ဆီက ဂိုးဖန်တီးမှုအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

4 weeks Ago
More News
Up