ပီအက်စ်ဂျီ - လိုင်ယွန်

A d v e r t i s e m e n t With Us

February 11, 2016

ပီအက်စ်ဂျီက လိုင်ယွန်ကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်ဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီက လိုင်ယွန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာက စပြီး ရှုံးပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဦးဆောင်ဂိုးကို ဒုတိယပိုင်း ၆၃ မိနစ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက သွင်းယူပါတယ်။ ပီအက်စ်ဂျီက ဒီပွဲမှာ ဒီမာရီယာ၊ ကာဗာနီတို့နဲ့ လူစုံထုတ်ပြီး ယှဉ်ပြိုင်သွားပါတယ်။ ဒုတိယဂိုးကို ၆၇ မိနစ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကပဲ သွင်းယူပါတယ်။ ဒီပွဲမှာ အိမ်ရှင် ပီအက်စ်ဂျီကပဲ ပွဲကိုထိန်းချုပ်ကစားနိုင်ပါတယ်။ နောက်ဆုံး အပိတ်ဂိုးကို ၇၅ မိနစ် Rabiot က သွင်းယူပြီး အနိုင်ရ သွားပါတယ်။ ပီအက်စ်ဂျီဟာ ပြင်သစ်ဖလား ကွာတားဖိုင်နယ်မှာ စိန့်အီတီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
5 years Ago
Up