ပီအက်စ်ဂျီနောက်ခံလူ အော်ရေးကို စပါးအသင်း ခေါ်ယူ

September 1, 2017

ပီအက်စ်ဂျီနောက်ခံလူ အော်ရေးကို စပါးအသင်း ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းက ပီအက်စ်ဂျီ နောက်တန်းကစားသမား ဆာဂျီ အော်ရေးကို ပေါင် ၂၃ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ စပါးအသင်းက အသက် ၂၄ နှစ်အရွယ် နောက်ခံလူကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ အိုင်ဗရီကို့စ် လက်ရွေးစင်ကစားသမား အော်ရေးဟာ စပါးအသင်းကနေ အခုနွေရာသီမှာ ၄ ယောက်မြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ စပါးအသင်းက ရောင်းထုတ်လိုက်တဲ့ ဝေါ်လ်ကာရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အော်ရေးဟာ ပြင်သစ်ကလပ် လန်းစ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၂ မှာ တူလောက်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ မှာ ပီအက်စ်ဂျီအသင်းက သူ့ကို ခေါ်ယူခဲ့ပါတယ်။ နောက်တန်းကစားသမား အော်ရေးဟာ အိုင်ဗရီကို့စ်အသင်းအတွက် ပွဲပေါင်း ၄၀ ကစားပေးထားပါတယ်။
4 years Ago
Up