ပီအက်စ်ဂျီအသင်း

A d v e r t i s e m e n t With Us

August 10, 2018

ဘိုင်ယန်နောက်ခံလူ ဘိုတန် ပီအက်စ်ဂျီအသင်းနှင့် သဘောတူညီမှုရ

မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ပီအက်စ်ဂျီအသင်းကိုသာ ပြောင်းရွှေ့လိုတာကြောင့် အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်သတင်းစာ အယ်လ်အစ်ကွစ်ရဲ့ အဆိုအရ ပီအက်စ်ဂျီအသင်းဟာ ဘိုတန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။ မန်ယူအသင်းဟာ ဘိုတန်အတွက် ပေါင် ၂၂ ဒသမ ၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ဘိုင်ယန်အသင်းက ပေါင် ၄၄ သန်း ဈေးသတ်မှတ်ထားတာကြောင့်လည်း အဆင်မပြေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုဟာ နောက်တန်းနေရာအတွက် ကစာသမားသစ်တွေ ရှာဖွေနေဆဲဖြစ်ပြီး ချဲလ်ဆီးက ဇူးမားနဲ့ လက်စတာက မက်ဂွိုင်းယားတို့ကို ဆက်လက်ချိတ်ဆက်နေပါတယ်။
3 years Ago

April 29, 2018

အာစင်ဝင်းဂါးကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း စိတ်ဝင်စား

  ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းကနေ ရာသီကုန်မှာ အနားယူမယ့် အာစင်ဝင်းဂါးကို အထွေထွေမန်နေဂျာရာထူးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ လက်ရှိနည်းပြ အူနိုင်းအန်မေရီကလည်း အသင်းကနေ ရာသီကုန်တာနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ ကြေညာထားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အစောပိုင်းက ဒေါ့မန်နည်းပြ သောမက်စ်တူချယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူထားပေမယ့် အသင်းရဲ့ပိုင်ရှင် နေဆားအဲလ်ကယ်လီဖီ ဟာ အာစင်ဝင်းဂါးနဲ့ ရင်းနှီးနေတာကြောင့် အခုလိုမျိုးသတင်းတွေ ထွက်ပေါ်လာတာပါ။ အာဆင်နယ်အသင်းကတော့ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ်အင်းနရစ်ကို ပထမဦးစားပေး ခေါ်ယူသွားမယ်လို့ သိရပေမယ့် ရာသီသစ်အတွက် ကစားသမားခေါ်ယူဖို့ အသုံးစရိတ်ပေါ် မူတည်ပြီး အခြေအနေတွေ ပြောင်းလဲနိုင်ပါတယ်။
3 years Ago
Up