ပီအက်စ်ဂျီနည်းပြ

February 27, 2019

အူဘာမီယန်းသည် မိမိအကြိက်ဆုံး တိုက်စစ်မှူးဖြစ်ဟု ပီအက်စ်ဂျီနည်းပြ ပြော

နည်းပြဘဝမှာ အကြိုက်ဆုံးတိုက်စစ်မှူးဟာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ဖြစ်တယ်လို့ ပီအက်စ်ဂျီနည်းပြ တူချယ်က ပြောကြားသွားပါတယ်။ နည်းပြတူချယ်ဟာ အူဘာမီယန်းနဲ့အတူ ဒေါ့မွန်အသင်းမှာ အတူလက်တွဲခဲ့ဖူးပြီး အူဘာမီယန်းဟာလည်း ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြဘဝမှာ ဘယ်ကစားသမားက အကောင်းဆုံးလဲဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး တူချယ်က အဲဒီမေးခွန်းက အန္တရာယ်ရှိတဲ့မေးခွန်း ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် မိမိအနေနဲ့ အူဘာမီယန်း၊ ဒမ်ဘီလီတို့လို တိုက်စစ်ကစားသမားတွေနဲ့ လက်တွဲခဲ့ဖူးပြီး အူဘာမီယန်းကတော့ မိမိရဲ့နှလုံးသားထဲမှာ ကျန်ရှိနေတဲ့ တိုက်စစ်မှူး ဖြစ်တယ်လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ သူ့အသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ အမ်ဘာပေဟာလည်း ထူးခြားတဲ့ တိုက်စစ်မှူးဖြစ်ပြီး နေမာ၊ ကာဗာနီတို့ဟာလည်း အလားတူတိုက်စစ်မှူး ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
2 years Ago
Up