ပီအက်စ်ဂျီတိုက်စစ်မှူး ဂျီဆီကို တရာသီအငှားဖြင့် စတုတ်စီးတီး ခေါ်ယူ

August 17, 2017

ပီအက်စ်ဂျီတိုက်စစ်မှူး ဂျီဆီကို တရာသီအငှားဖြင့် စတုတ်စီးတီး ခေါ်ယူ

စတုတ်စီးတီးအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ဂျီဆီကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ်ရှိ စပိန်ကစားသမား ဂျီဆီ ရိုဒရီဂွတ်ဟာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းမှာ ၉ ပွဲပဲ ကစားခဲ့ရပြီး လက်စ်ပါမက်အသင်းဆီ အငှားထွက်ကစားခဲ့ရကာ ဒီနှစ်မှာလည်း ပီအက်စ်ဂျီအသင်းက စတုတ်အသင်းဆီ တရာသီ အငှားချလိုက်တာ ဖြစ်ပါတယ်။ စတုတ်စီးတီးအသင်းဟာ တောင်ပံကစားသမား အနော်တိုဗစ်ကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချခဲ့တာကြောင့်လည်း ဂျီဆီကို ခေါ်ယူခဲ့တာပါ။ ဂျီဆီရိုဒရီဂွတ်ဟာ ပြီးခဲ့တဲ့ရာသီက လက်စ်ပါမက်အသင်းမှာ ၁၆ ပွဲကစားပြီး ၃ ဂိုး သွင်းခဲ့ပါတယ်။
4 years Ago
Up