ပီအက်စ်ဂျီက ဘာစီလိုနာကို ၄ ဂိုးပြတ်ဖြင့် အနိုင်ယူ

February 15, 2017

ပီအက်စ်ဂျီက ဘာစီလိုနာကို ၄ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ ဖေဖော်ဝါရီ ၁၄ ရက်ညက ယှဉ်ပြိုင်ရာ ပီအက်စ်ဂျီက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တိုက်စစ်အတွဲ အပါအဝင် အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပီအက်စ်ဂျီကွင်းမှာ ဂိုးပြတ် အရှုံးပေးလိုက်ရတာပါ။ ဘောလုံးပိုင်ဆိုင်မှုမှာ ဘာစီလိုနာက အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ပီအက်စ်ဂျီက အပြတ် အသာစီးရခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၈ မိနစ်နဲ့ ၅၅ မိနစ်တွေမှာ ဒီမာရီယာ၊ မိနစ် ၄၀ မှာ ဒရက်စ်လာနဲ့ ၇၁ မိနစ်မှာ ကာဗာနီတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အထူးခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ပီအက်စ်ဂျီကွင်းလယ်လူ ဒီမာရီယာကို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
4 years Ago
Up