ပီအက်စ်ဂျီက ဆန်းချက်ဇ်ကို လက်မှတ်ထိုးကြေး ပေါင် ၁၀ သန်းပေးပြီး ခေါ်ယူရန် စီစဉ်နေ

October 3, 2017

ပီအက်စ်ဂျီက ဆန်းချက်ဇ်ကို လက်မှတ်ထိုးကြေး ပေါင် ၁၀ သန်းပေးပြီး ခေါ်ယူရန် စီစဉ်နေ

ပီအက်စ်ဂျီအသင်းဟာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခွင့်ရမယ့် အာဆင်နယ် တောင်ပံကစားသမား ဆန်းချက်ဇ်ကို လက်မှတ်ထိုးကြေး ပေါင် ၁၀ သန်း မက်လုံးပေးပြီး ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ ချီလီကစားသမား ဆန်းချက်ဇ်ဟာ ဒီနှစ်ရာသီအကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။ ဆန်းချက်ဇ်အနေနဲ့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ တခြားအသင်းတသင်းနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုခွင့်ရမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက လက်မှတ်ထိုးကြေး ပေါင် ၁၀ သန်း ပေးမယ့်အပြင် တပတ်လုပ်ခ ပေါင် ၂ သိန်း ၇ သောင်း ၅ ထောင်ပေးဖို့လည်း အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိ ဆန်းချက်ဇ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးအသင်းတွေလည်း ရှိနေတာကြောင့် ပီအက်စ်ဂျီအသင်းက လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဆန်းချက်ဇ်ဟာ ၂၀၁၄ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပေါင် ၃၁ ဒသမ ၇ သန်းနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီး အာဆင်နယ်အသင်းနဲ့အတူ စုစုပေါင်း ၁၅၁ ပွဲမှာ ၇၃ ဂိုး သွင်းထားပါတယ်။
4 years Ago
Up