အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား မာတွီဒီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ အီတလီ စီးရီးအေ ချန်ပီယံအသင်းနဲ့ ဆေးစစ်မှု ခံယူခဲ့ပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမားဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းနဲ့ ဂျူဗင်တပ်အသင်းကို ရောက်ရှိသွားတာလို့ ခန့်မှန်းထားပါတယ်။
မာတွီဒီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြင်သစ်လီဂူး အမှတ်ပေးချန်ပီယံဆုကို ၄ ကြိမ် ဆက်တိုက် ရယူထားပါတယ်။
သူဟာ ၂၀၁၁ မှာ စိန့်အီသီရန်ကလပ်ကနေ ပီအက်စ်ဂျီကို ရောက်ရှိလာသူ ဖြစ်ပါတယ်။
5 years Ago