ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဗာရက်တီကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။
အီတလီကွင်းလယ်ကစားသမား ဗာရက်တီဟာ ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း ကမ်လှမ်းခဲ့ပေမယ့် ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဗာရက်တီကို ပီအက်စ်ဂျီအသင်းက တိုက်စစ်မှူး ကာဗာနီကို ပေးချေတဲ့ လစာဖြစ်တဲ့ တနှစ် ပေါင် ၁၀ သန်း စာချုပ်သက်တမ်းတိုးဖို့ ကမ်လှမ်းခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား ဗာရက်တီအတွက် ပေါင်သန်း ၆၀ ကျော် ပေးချေရဖွယ်ရှိပြီး ပီအက်စ်ဂျီအသင်းနဲ့ ပြောင်းရွှေ့ကြေး ဆက်လက်ဆွေးနွေးရဦးမှာပါ။
အသက် ၂၄ နှစ်ရှိ ဗာရက်တီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ၄၂ ပွဲအထိ ကစားခဲ့ပြီး ၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။
6 years Ago