ပီအက်စ်ဂျီကွင်းလယ်လူ

November 14, 2016

ပီအက်စ်ဂျီကွင်းလယ်လူ ဗာရက်တီကို ချဲလ်ဆီး ခေါ်ယူရန် ကြိုးစား

ပီအက်စ်ဂျီအသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ မာကိုဗာရက်တီကို ပေါင် ၄၃ သန်းနဲ့ ဖာဘရီဂက်စ်ပါ အလိုက်ပေးပြီး  ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အီတလီလက်ရွေးစင် မာကိုဗာရက်တီဟာ ၂၀၁၂ နှစ်က စပြီး ပီအက်စ်ဂျီအသင်းမှာ စတင်းကစားခဲ့ကာ ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားသလို ၄ ဂိုး သွင်းပေးထားပါတယ်။ ၂၀၁၂ မှာ အီတလီအသင်းလက်ရွေးစင်ဖြစ်လာခဲ့ပြီး ခြေစမ်းပွဲတွေမှာ ၀င်ကစားခွင့် ရခဲ့ပါတယ်။ ၂၀၁၃ က ဥရောပ ယူ-၂၁ ပွဲမှာ ၀င်ကစားခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပွဲမှာ အီတလီ အသင်းနဲ့အတူ အဖွင့်ပွဲမှာ ၀င်ကစားခဲ့ပါတယ်။ သူဟာ ၂၀၁၆ ယူရိုပွဲကိုတော့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။
6 years Ago
Up