ပီအက်စ်ဂျီ

July 17, 2019

တိုက်စစ်မှူး နေမာ အသင်းမှထွက်ရန် ဆန္ဒရှိနေဟု ပီအက်စ်ဂျီနည်းပြ အတည်ပြု

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ အသင်းကထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ နည်းပြ တူချယ်က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အသင်းဆီ ပြန်လည်ရောက်ရှိခဲ့ပြီး ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ခြေချင်းဝတ်ဒဏ်ရာ ရရှိနေတဲ့ နေမာဟာ အသင်းနဲ့ ပူးပေါင်းချိန် နောက်ကျခဲ့တာလည်း ဖြစ်ပါတယ်။ နေမာဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ မတိုင်ခင်ကတည်းက အသင်းကနေ ထွက်ခွာချင်တဲ့ဆန္ဒ ရှိနေခဲ့တာဖြစ်တယ်လို့ ပီအက်စ်ဂျီနည်းပြ တူချယ်က အတည်ပြုလိုက်တာပါ။ နေမာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းက ဆုံးဖြတ်ချက်ချရမှာဖြစ်ပြီး သူ့အနေနဲ့ကတော့ ဘာမှ စိုးရိမ်မှုမရှိဘဲ နေမာ အသင်းမှာဆက်နေမယ် ဆိုရင်လည်း အတူတကွ အလုပ်လုပ်ဆောင်သွားရုံပဲ ရှိတယ်လို့ နည်းပြတူချယ်က ဆိုပါတယ်။ အပြောင်းအရွှေ့ကိစ္စက အသင်းကပဲ လုပ်ဆောင်ရမှာဖြစ်ပြီး သူ့အနေနဲ့ ဝင်ရောက်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ကြောင်းလည်း နည်းပြတူချယ်က ပြောကြားသွားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာကို ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပေါင် ၁၉၈ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
2 years Ago

July 9, 2019

မန်ယူက ကမ်းလှမ်းမှုနောက်ကျ၍ အသင်းပြောင်းရွှေ့ခဲ့ခြင်းဖြစ်ဟု ဟာရဲယားပြော

မန်ယူအသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတာ နောက်ကျခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖြစ်ခဲ့တာလို့ ကွင်းလယ်ကစားသမား ဟာရဲယားက ပြောပါတယ်။ ဟာရဲယားဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး ပြောင်းရွှေ့ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက စာချုပ်သက်တမ်းကုန်တော့မယ့် သူ့ကို အသင်းဘက်က ကမ်းလှမ်းမှု မရှိခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ရတာလို့ ဟာရဲယားက ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့အချိန် ရောက်မှသာ မန်ယူအသင်းဘက်က ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဟာရဲယားက ပြောပါတယ်။ အသင်းပရိသတ်တွေနဲ့ နည်းပြဆိုးလ်ရှားကို ကျေးဇူးတင်ရှိပြီး အသင်းမှာ ဆက်ရှိချင်ခဲ့ပေမယ့်လည်း စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတာ နောက်ကျခဲ့တာကြောင့် အသင်းပြောင်းခဲ့တာဖြစ်တယ်လို့ ဟာရဲယားက ပြောကြားခဲ့ပါတယ်။
2 years Ago
More News
Up