ပီရူးအစိုးရ

January 15, 2020

ပီရူးအစိုးရက ဗင်နီဇွဲလားနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်း

ပီရူးအစိုးရဟာ ဗင်နီဇွဲလားနိုင်ငံသား အယောက် ၁၀၀ ကျော်ကို  ဇန်နဝါရီ ၁၂ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့က လီမာမြို့ထဲက ဟိုတယ်တလုံးကို ဝင်စီးပြီး သေနတ်နဲ့ မူးယစ်ဆေးတွေကို သိမ်းဆည်းမိချိန်မှာ ဖမ်းဆီးခဲ့တာလို့ ရဲက ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံသား ၁၁၄ ယောက် အပါအဝင် လူစုစုပေါင်း ၁၂၄ ယောက်ကို ဟိုတယ်ထဲမှာ ဖမ်းမိခဲ့ပါတယ်။ ကိုလံဘီယာ နိုင်ငံသား ၄ ယောက်နဲ့ ပီရူးနိုင်ငံသား ၆ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒီဟိုတယ်ဟာ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေအတွက် စစ်ဆင်ရေး အခြေစိုက်စခန်းအဖြစ် သုံးတဲ့နေရာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အရင်အပတ်က အမြန်စားနိုင်တဲ့ စားသောက်ကုန်တွေရောင်းချတဲ့ဆိုင်တဆိုင်မှာ အမျိုးသားတယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူကို နောက်ယောင်ခံလိုက်ရာက ဒီနေရာကို ရှာတွေ့တာလို့ ရဲက ပြောပါတယ်။ ပီရူးနိုင်ငံထဲမှာ ဗင်နီဇွဲလား နိုင်ငံသား ၈၆၀၀၀၀ လောက် နေထိုင်ကြပြီး အများစုက လွန်ခဲ့တဲ့ ၃ နှစ်ကမှ ရောက်လာကြသူတွေပါ။  ဗင်နီဇွဲလားနိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ကိုလံဘီယာ နိုင်ငံပြီးရင် ပီရူးနိုင်ငံ ဟာ ဗင်နီဇွဲလားနိုင်ငံသားတွေကို ဒုတိယအများဆုံး လက်ခံ ထားရာ နိုင်ငံဖြစ်လာပါတယ်။ ပီရူးအာဏာပိုင်တွေကတော့ ရာဇဝတ်မှုတွေမှာ ပါဝင်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ စဉ်းစားမယ်လို့ ပြောပါတယ်။
1 year Ago
Up