ပီရူးသမ္မတ

November 21, 2022

ပီရူးသမ္မတနုတ်ထွက်ရန် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

ပီရူးနိုင်ငံ လီမာမြို့တော်မှာ နိုဝင်ဘာ ၂၀ ရက်က သမ္မတ ပတ်ထရို ကတ်စ်တီလို နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြရင်း လမ်းပေါ်ကိုထွက်လာခဲ့တဲ့ ရာနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

အနီရောင်နဲ့ အဖြူရောင် ဒေါင်လိုက်အဆင်းကြောင်း အလံတွေနဲ့ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြသူတွေဟာ ပီရူးမြို့တော်ရှိ အတိုက်အခံတွေ ကြီးစိုးတဲ့ ကွန်ဂရက်ဆီကို ချီတက်ခဲ့ကြတာပါ။

ရဲတွေဟာ ဒိုင်းကာတွေ၊ ဦးထုပ်တွေဆောင်းပြီး ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးခွဲကာ လူစုခွဲခဲ့ကြပါတယ်။ ဒဏ်ရာရသူစာရင်းကိုတော့ အစီအရင်ခံတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အာဏာရလာခဲ့တဲ့ သမ္မတ ပတ်ထရို ကတ်စ်တီလိုဟာ စွဲချက်တင်ခံဖို့ ကြိုးစားမှု နှစ် ကြိမ်ကို ကျော်လွှားနိုင်ခဲ့ပြီး အတိုက်အခံ လွှတ်တော်အမတ်တွေကလည်း ကွန်ဂရက်အတွင်းမှာ လိုအပ်တဲ့ထောက်ခံမဲ မရှိဘူးဆိုတာကို သိထားပေမဲ့ သမ္မတကို စွဲချက်တင်နိုင်မယ့် အမှုအသစ်အတွက် ထောက်ခံမှု ရှာဖွေနေပါတယ်။

3 weeks Ago

July 21, 2022

အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးမှုများကို ပီရူးသမ္မတ ဟန့်တားခဲ့ဟု ပြည်ထဲရေးဝန်ကြီးဟောင်း ပြော

ပီရူးသမ္မတ ပေဒရို ကာစတီလိုဟာ သူ့အနီးကပ် မဟာမိတ်တွေအား အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးမှုတွေကို ဟန့်တားနှောင့်ယှက်ကြောင်း ပီရူးအစိုးရအဖွဲ့ဝင်ဟောင်း မာရီယာနို ဂွန်ဇာလက်ဇ်က စွပ်စွဲပြောကြားလိုက်ပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဟောင်း မာရီယာနို ဂွန်ဇာလက်ဇ်ဟာ ဇူလိုင် ၁၉ ရက် ညပိုင်းမှာပဲ ရာထူးကနေ ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတာပါ။ 

အင်တာဗျူးတခုမှာတော့  သူထုတ်ပယ်ခံရတဲ့နေ့မှာပဲ ဂွန်ဇာလက်ဇ်က အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ်ဆိုတဲ့  ကာစတီလို ရဲ့ ကတိကဝတ်ကို မေးခွန်းထုတ်ခြင်း မရှိခဲ့ပေမယ့် သူ့ကို အလုပ်ထုတ်လိုက်တာဟာ တရားမျှတမှုကို ဟန့်တားဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ 

မာရီယာနို ဂွန်ဇာလက်ဇ်ဟာ အမျိုးသားရဲတပ်ဖွဲ့ကို ကြီးကြပ်ရတဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ သူဟာ  ကာစတီလို ရဲ့ နိုင်ငံရေးမဟာမိတ်တွေအား စုံစမ်းဖမ်းဆီးဖို့ အရှိန်မြှင့် ကြိုးပမ်းလုပ်ဆောင်ဖို့ မကြာသေးခင်က အထူးရဲအဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ 

စုံစမ်းစစ်ဆေးခံရသူတွေထဲမှာ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း၊ သမ္မတအကြံပေးဟောင်းတဦးနဲ့  သမ္မတကာစတီလိုရဲ့ တူတယောက် ပါဝင်ပါတယ်။ 

သမ္မတ  ကာစတီလိုဟာ ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဝီလီ ဟွယ်ရ်တာဟာ ဇူလိုင် ၁၉ ရက်က အမျိုးသားနန်းတော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ 

လက်ဝဲယိမ်းသမ္မတ ကာစတီလိုဟာ ရာထူးသက်တမ်း တနှစ်အတွင်း ပြည်ထဲရေးဝန်ကြီး ခုနစ်ဦးရှိခဲ့ပြီး အကြီးပိုင်း ထိပ်တန်း အစိုးရရာထူးတွေကို မကြုံစဖူး အပြောင်းအလဲ လုပ်ခဲ့တာပါ။ သူဟာ စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းမှုကို နှစ်ကြိမ် လွတ်မြောက်ခဲ့ပြီး ထောက်ခံမှုနှုန်း ၂၅ ရာခိုင်နှုန်း လောက် ရှိပါတယ်။

5 months Ago
More News
Up