ပီရူးငါးတံငါသည်များ

January 13, 2019

ပိုက်ထဲမိ ဝေလငါးပေါက်လေးအား ပြန်လွှတ်ပေးသည့် ပီရူးငါးတံငါသည်များကို ၀ိုင်းဝန်းချီးကျူး (ရုပ်သံ)

ငါးဖမ်းပိုက်ထဲလာမိနေတဲ့ ဝေလငါးပေါက်လေးကို ပြန်လွှတ်ပေးခဲ့တဲ့ ပီရူးငါးဖမ်းသမားတွေရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူအများစုက ချီးကျူးဂုဏ်ပြုမှုတွေပြုလုပ်လျက်ရှိတယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပီရူးနိုင်ငံချင်ဘုတ် ကမ်းရိုးတန်းဒေသမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ငါးဖမ်းသမားတွေချထားတဲ့ ငါးဖမ်းပိုက်မှာ ဝေလငါးပေါက်လေးကို မတော်တဆဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်း မိခဲ့တဲ့ ဝေလငါးလေးကို ပြန်လွှတ်ပေးဖို့ ငါးဖမ်းသမားတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ငါးဖမ်းလှေပေါ်မှာ ရှိနေတဲ့ ငါးဖမ်းသမားတစ်ဦးဖြစ်သူ ဆီမာ ပီနာက မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီး ဒီဗီဒီယိုဖိုင်လေးက လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ရေပန်းစားခဲ့ကာ ကြည့်ရှုသူအများစုက ငါးဖမ်းသမားတွေရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို ချီး ကျူးဂုဏ်ပြုမှုတွေပြုလုပ်လျက်ရှိပါတယ်။ ပိုက်ကနေပြန်လွှတ်ပေးလိုက်ချိန်မှာ ဝေလငါးပေါက်လေးဆီက အသံတစ်သံကို ကြားခဲ့ရပြီး ဒီအသံက သူ့ကိုပြန်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြသလိုက်တာဖြစ်ပြီး ဒီတုန့်ပြန်မှုလေးကြောင့် ပျော်ရွှင်မိကြောင်းလဲ ဆီမာ ပီနာက ပြောပါတယ်။
2 years Ago
Up