ပီရူးကြားဖြတ်အစိုးရဟာ တရားမဝင်ဘူးလို့ သမ္မတဟောင်း မာတင်ဗစ်ဇ်ကာရာက နိုဝင်ဘာလ ၁၂ ရက်မှာ ပြောပါတယ်။
မာတင်ဗစ်ဇ်ကာရာ ရာထူးက ဖယ်ရှားခံရပြီး ကြားဖြတ်သမ္မတ မန်နျူရယ်မာရင်နို အာဏာ ရယူပြီးကတည်းက ပီရူးနိုင်ငံတဝန်း ဆန္ဒပြပွဲတွေက အရှိန်မြင့်လာပါတယ်။
ကြားဖြတ်သမ္မတ မာရင်နိုက လာမယ့်ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေဟာ ဆန္ဒပြ ပွဲတွေ ဖြစ်အောင် လှုံ့ဆော်နေတယ်လို့ စွပ်စွဲပြောဆိုပြီး နိုင်ငံသားတွေ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ တိုက်တွန်း ပါတယ်။
လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ပီရူးကွန်ဂရက်က ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားပြီးနောက် နိုဝင်ဘာ ၁၀ ရက်မှာ မာရင်နို သမ္မတတာဝန် စတင်ထမ်းဆောင်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာနေတဲ့ ပီရူးမှာ ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုက ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနဲ့ကြုံရနိုင်တယ်လို့ ရိုက်တာက ရေးပါတယ်။
2 years Ago