ပီရူး

A d v e r t i s e m e n t With Us

December 24, 2020

ပီရူးတွင် ကိုဗစ်လူနာ ၁ သန်းကျော်လာ၊ ကမ္ဘာတဝန်း သန်းချီရောဂါကူးစက်ခံနိုင်ငံ ၁၆ ခုရှိလာ

ပီရူးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၁ သန်းကျော်လာခဲ့ပြီးနောက် ကမ္ဘာတဝန်း သန်းနဲ့ချီရောဂါကူးစက်ခံရတဲ့ နိုင်ငံအရေအတွက်ဟာ ၁၆ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာလည်း ၇၈ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၇ သန်းကျော်၊ ရောဂါပြန်လည်ပျောက် ကင်းလာသူအရေအတွက် ၅၅ သန်းကျော် ရှိနေတာပါ။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၈ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၃၃၂,၃၁၁ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၁၄၆,၆၈၅ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁၈၈,၆၈၁ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၂ ဒသမ ၉ သန်းကျော်၊  ပြင်သစ်နိုင်ငံက ၂ ဒသမ ၅ သန်းကျော်၊ ယူကေနိုင်ငံက ၂ ဒသမ ၁ သန်းကျော်၊ တူရကီ နိုင်ငံက ၂ သန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အီတလီ၊ စပိန်၊ ဂျာမနီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ပိုလန်၊ အီရန်တို့နဲ့အတူ ပီရူးနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၈၈၂ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၈၀ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီနဲ့ အီရန်နိုင်ငံပြီးရင် အင်ဒိုနီးရှား၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက ကူးစက်ခံရသူဦးရေ  ၆၈၅,၆၃၉ ယောက်၊ ၅၈၇,၆၇၆ ယောက်၊ ၅၀၄,၈၆၈ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၆၄,၀၀၄ ယောက်နဲ့ သေဆုံးသူ ၉,၀၄၈ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၈,၈၆၉ ယောက်၊ သေဆုံး သူ ၂,၅၀၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၉၉,၃၂၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉၈,၇၃၇ ယောက်နဲ့ သေဆုံးသူ ၄၄၄ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၄၈၂ ယောက်နဲ့ ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၅,၇၆၂ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၄၂၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၂ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၆၃ ယောက်နဲ့  ၄၁ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။
1 month Ago

December 13, 2020

ပီရူးတွင် တရုတ် စီနိုဖန်း ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှု ခေတ္တဆိုင်းငံ့

တရုတ် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ စီနိုဖန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို ပီရူးနိုင်ငံမှာ စမ်းသပ်ခံလေ့လာရာမှာ ပါဝင်တဲ့ စေတနာ့ဝန်ထမ်းတွေထဲက တယောက်မှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးကို တွေ့ခဲ့အပြီး စမ်းသပ်မှု ဆိုင်းငံ့ထားလိုက်ပြီလို့ ပီရူးအစိုးရက ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ တခြားလက္ခဏာတွေထဲကမှ တခုအနေနဲ့ စေတနာ့ဝန်ထမ်းတယောက်ရဲ့ ခြေထောက်မှာ အားအင်ဆုတ်ယုတ်လာတာ ခံစားခဲ့ရတယ်လို့ စမ်းသပ်ခံ လေ့လာရာမှာ ပါဝင်တဲ့ ကာယေတာနို ဟေရေဒီယာတက္ကသိုလ် သုတေသီချုပ် ဂျာမန်မာလာဂါက ပြောပါတယ်။ ဆိုင်းငံ့ထားတာကို ပြန်ရုပ်သိမ်းပြီး အချိန်တိုအတွင်း စမ်းသပ်မှု ပြန်စနိုင်မယ် မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။ စေတနာ့ဝန်ထမ်းရဲ့ ကျန်းမာရေးအခြေအနေက ကာကွယ်ဆေးနဲ့ ဆိုင်သလား၊ တခြား အကြောင်းကြောင့်လားဆိုတာ ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ စီနိုဖန်းအုပ်စုကုမ္ပဏီလီမိတက်ဟာ ပီရူးနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း ၁၂,၀၀၀ နဲ့ စမ်းသပ်ချက် ပထမအဆင့်ကို လုပ်ဆောင်ရာမှာ လာမယ့်ရက်အနည်းငယ်အတွင်း ပြီးစီးတော့မှာပါ။ ပီရူးနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ ဦးရေ စုစုပေါင်း ၁၆,၅၄၄ ယောက် ရှိသွားပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
2 months Ago
More News
Up