ပီရက်ဇ်

August 7, 2018

အာဆင်နယ်တိုက်စစ်မှူး ပီရက်ဇ်ကို ဝက်စ်ဟမ်း ခေါ်ယူနိုင်ရန် နီးစပ်နေ

ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်ကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ စပိန်တိုက်စစ်မှူး ပီရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက စပိန်ကလပ် ဒီပို့တီဗိုအသင်းထံ အငှားချခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းနဲ့ ပြန်လည်ပူးပေါင်း လေ့ကျင့်နေတာပါ။ နှစ်ရာသီဆက် အငှားထွက်ကစားခဲ့ရတာကြောင့် အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၁ ပွဲပဲ ပွဲထွက်ခဲ့ရတာပါ။ ပီရက်ဇ်အနေနဲ့ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မသေချာသလို စပိန်ကိုလည်း ပြန်မသွားချင်တော့တာကြောင့် လန်ဒန်ကလပ်ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အခုနှစ်ရာသီမှာ ပြင်ဆင်မှု အကောင်းဆုံး ပြုလုပ်ထားပြီး လာဇီယိုက ဖီလစ်ပီအန်ဒါဆန်၊ ယူကရိန်းလက်ရွေးစင် ယာမိုလန်ကိုနဲ့ အာဆင်နယ်ကပဲ ဂျက်ဝီလ်ရှိုင်းယားတို့ကို ခေါ်ယူထားပါတယ်။
3 years Ago
Up