ပီယာနစ်

June 30, 2020

ဘာစီလိုနာအသင်းက အာသာကို ဂျူဗင်တပ်စ်သို့ ရောင်းချပြီး ပီယာနစ်ကိုပြန်ခေါ် 

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား အာသာမယ်လိုကို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချဖို့ သဘောတူခဲ့ပြီး ပီယာနစ်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။  အာသာမယ်လိုကို ယူရို ၇၂ သန်းနဲ့ ရာသီအကုန်မှာ ရောင်းချဖို့ ဘာစီလိုနာဘက်က သဘောတူခဲ့ပြီး ဂျူဗင်တပ်စ်ကွင်းလယ်လူ ပီယာနစ်ကိုလည်း ယူရိုသန်း ၆၀ နဲ့ ဘာစီလိုနာအသင်းက ပြန်လည်ခေါ်ယူမှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်ရှိ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လိုဟာ  ၂၀၁၈ ခုနှစ်က  ဘရာဇီးကလပ် ဂရီမီယိုကနေ ပြောင်းရွှေ့လာခဲ့ပြီး ဇာဗီလက်သစ်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အခုနှစ်ရာသီမှာ ၁၄ ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။  ဘာစီလိုနာက ပြန်လည်ခေါ်ယူမယ့် ဘော့စနီးယားကွင်းလယ်လူ ပီယာနစ်က အသက် ၃၀ ရှိပြီဖြစ်ပြီး ၄ နှစ် စာချုပ်ချုပ်ဆိုမယ်လို့ ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဘာစီလိုနာနည်းပြ ဆက်တီယန်ကတော့ အာသာဟာ  အသင်းသားအနေနဲ့ ဆက်လက်ရှိနေဆဲဖြစ်ပြီး ရာသီကုန်အထိ အကောင်းဆုံးပေးဆပ်ကစားမယ့်သူ ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
12 months Ago

June 26, 2020

ဘာစီလိုနာက အာသာနှင့် ဂျူဗင်တပ်က ပီယာနစ်တို့ကို အလဲအထပ်လုပ်ရန် နီးစပ်

ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အာသာ နဲ့ ပီယာနစ်တို့ကို အလဲအထပ်ပြုလုပ်သွားဖို့ နီးစပ်နေပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဘာစီလိုနာကွင်းလယ်လူ အာသာကို ဂျူဗင်တပ်အသင်းက ရာသီအကုန်မှာ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တာလို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြခဲ့တာပါ။  တဆက်တည်းမှာပဲ ဂျူဗင်တပ်ကွင်းလယ်လူ ပီယာနစ်ဟာလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။  ဘာစီလိုနာက ဘရာဇီးကွင်းလယ်လူ အာသာ ဘက်ကတော့ ဂျူဗင်တပ်အသင်းမှာ လုပ်ခ ပိုမိုရရှိဖို့ တောင်းဆိုထားတာကြောင့် ဆက်ပြီး ညှိနိုင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။  အသက် ၃၀ အရွယ် ဘော့ဇနီးယားကွင်းလယ်လူ ပီယာနစ်ဟာ  ဂျူဗင်တပ်အသင်းမှာ ပွဲ ထွက်ကစားနေပေမယ့် လူငယ်ကွင်းလယ်လူ အာသာ နဲ့ အစားထိုးဖို့ ဂျူဗင်တပ်နည်းပြ ဆာရီက အလို ရှိနေတာလို့ သိရပါတယ်။ 
12 months Ago
More News
Up