ပီဖစ်ဇာနိုင်ငံတကာကော်ပိုရေးရှင်း

November 10, 2020

စမ်းသပ်ဆဲ ကိုဗစ်ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းကျော် ထိရောက်ဟု ပီဖစ်ဇာကော်ပိုရေးရှင်း ပြော

ပီဖစ်ဇာ နိုင်ငံတကာကော်ပိုရေးရှင်းက သူတို့ရဲ့ စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အကြီးစားလေ့လာမှုအတွက်ရတဲ့ ကနဦး သတင်းအချက်အလက်တွေအရ ၉၀ ရာခိုင်နှုန်းကျော် ထိရောက်တယ်လို့ နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။ ဒါဟာ လူ ၁ သန်းကျော် သေဆုံးခဲ့ရပြီး ကမ္ဘာ့စီးပွားရေးနဲ့ နေ့စဉ်လူနေမှုဘဝကို အကြီးအကျယ် ကျွမ်းပြန်စေတဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရေး အကြီးစား အောင်ပွဲလည်း ဖြစ်ပါတယ်။ ပီဖစ်ဇာနဲ့ ဂျာမန်မိတ်ဘက် ဘိုင်အိုအန်တက်ခ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အကြီးစား လက်တွေ့စမ်းသပ်ချက်ကနေ အောင်မြင်ကြောင်း အချက်အလက်တွေ ပြနိုင်တဲ့ ပထမဆုံး ဆေးကုမ္ပဏီတွေ ဖြစ်လာပါတယ်။ ဘေးကင်းရေးနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ စိုးရိမ်စရာလည်း မတွေ့သေးဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ ဒီလနှောင်းပိုင်းမှာ အမေရိကန်ရဲ့ အရေးပေါ်သုံးဖို့ ခွင့်ပြုချက်ကို ရရှိရေး မျှော်လင့်ထားပါတယ်။ တကယ်လို့ အခွင့်အာဏာရခဲ့ရင် ကနဦး ကာကွယ်ဆေး ထိုးဆေးတွေကို ကန့်သတ်ထားဦးမှာပါ။ ဒီကာကွယ်ဆေးက ဘယ်လောက်ကြာကြာ ကာကွယ်ပေးထားနိုင်လဲဆိုတာ အပါအဝင် မေးခွန်းအများအပြားတော့ ကျန်နေပါသေးတယ်။ တခြား တီထွင်ဆဲ ကိုရိုနာဗိုင်းပ်စ် ကာကွယ်ဆေးတွေကိုလည်း ထိရောက်ကြောင်း အတည်ပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။
2 years Ago
Up