ပီပီရေနာ

A d v e r t i s e m e n t With Us

January 11, 2020

အေစီမီလန် ဂိုးသမား ပီပီရေနာကို အက်စတွန်ဗီလာက အငှားဖြင့်ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဟာ အေစီမီလန်အသင်းရဲ့လီဗာပူး ဂိုးသမာ‌းဟောင်း ပီပီရေနာကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ အီတလီ သတင်းတွေအရ အက်စတွန်ဗီလာအသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ အသက် ၃‌၇ နှစ်အရွယ် ဂိုးသမားအတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ရေနာဟာ လာမယ့်တနင်္လာနေ့မှာ ဘာမင်ဂမ်မြို့ကို ရောက်ရှိလာပြီး ဆေးစစ်မှုခံယူကာ အပြောင်းအရွှေ့ကိစ္စကို အဆုံးသတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့နံပါတ်တစ် ဂိုးသမား တွမ်ဟတ်တန်ကို ဒဏ်ရာကြောင့် ရာသီကုန်အထိ လက်လွှတ်ရမှာဖြစ်တာကြောင့် ဂိုးသမားသစ်တဦးကို ရှာဖွေနေပြီး ပီပီရေနာဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ပါတယ်။  အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်ဟာ လိုအပ်နေတဲ့ ဂိုးသမားနေရာအတွက် အတွေ့အကြုံရင့် ဂိုးသမားတဦးကို ရှာဖွေခဲ့ပြီး ဂိုးသမားသစ်ကို အသင်းကြီးမှာ တိုက်ရိုက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။  ‌ရေနာဟာ အက်စတွန်ဗီလာအသင်းကို တနင်္လာနေ့မှရောက်ရှိမှာ ဖြစ်တာကြောင့် တနင်္ဂနွေနေ့ ကစားမယ့် မန်စီတီးနဲ့ပွဲစဉ်ကိုတော့ အော်ဂျန်နီလန်းက တာဝန်ယူသွားမှာ ဖြစ်ပါတယ်။  စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရဖူးတဲ့ ရေနာဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း အေစီမီလန်အသင်းအတွက် ၁၃ ပွဲသာကစားခွင့်ရခဲ့ပြီး ပွဲကစားချိန် ပိုရလိုတာကြောင့် ဗီလာကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ ယူဆရပါတယ်။  ဒါပေမဲ့ အက်စတွန်ဗီလာအသင်းမှာလည်း သူဟာ လက်ရှိဂိုးသမား နီလန်းနဲ့ ပွဲထွက်ခွင့်နေရာကို ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။  အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရေနာဟာ လီဗာပူးအသင်းမှာ ၂၀၀‌၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကိုးရာသီတိုင်တိုင် ကစားပေးခဲ့ပြီး ၂၈၅ ပွဲ ပွဲထွက်ခွင့်ရရှိခဲ့ကာ စပိန်လက်ရွေးစင်အသင်း အတွက်လည်း ၃၆ ပွဲ ကစားပေးခဲ့ပါတယ်။  အက်စတွန်ဗီလာအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး ဝက်စ်လေကိုလည်း ရာသီကုန်အထိ ဆုံးရှုံးသွားရမှာဖြစ်တာကြောင့် သူတို့ရဲ့နောက်ထပ်အပြောင်းအရွှေ့ ပစ်မှတ်ဟာ တိုက်စစ်မှူးတဦးကို ခေါ်ယူဖို့ပဲ ဖြစ်ပါတယ်။  လက်ရှိအချိန်ထိ တိုက်စစ်မှူးတဦးကို ခေါ်ယူနိုင်သေးခြင်း မရှိတာကြောင့် သူတို့အသင်းဟာ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးမပါဘဲ ကစားသွားရဖို့ရှိနေတယ်လို့လည်း ဗီလာနည်းပြ ဒင်းစမစ်က ပြောပါတယ်။ 
1 year Ago
Up