ပီနန်ကျွန်း

April 2, 2019

မလေးရှားတွင် ရှားရှားပါးပါး ရေဆင်နှာမောင်းတခု ဖြစ်ပေါ် (ရုပ်သံ)

မလေးရှားနိုင်ငံ ပီနန်ကျွန်းနားမှာ ရှားရှားပါးပါး ရေဆင်နှာမောင်းတခု ဧပြီ ၁ ရက်က ဖြစ်ပေါ်ခဲ့ပါတယ်။ ရေဆင်နှာမောင်းဟာ ကုန်းပေါ်ရောက်မလာခင် ကမ်းရိုးတန်းနားက ကမ်းလွန်ပင်လယ်ပြင်မှာ ငါးမိနစ်လောက်ကြာအောင် လှည့်နေတာ မြင်ခဲ့ရတာပါ။ လေစီးကြောင်းနှစ်ခု မျက်နှာချင်းဆိုင်ဆုံရာက ဖြစ်ပေါ်လာတဲ့ လေဆင်နှာမောင်းက ရေပြင်နဲ့ ထိတွေ့ချိန်မှာ ရေတွေကို ကောင်းကင်ပေါ်စုပ်ယူတဲ့ ရေဆင်နှာမောင်း ပေါ်လာခဲ့တာပါ။ ကုန်းပေါ်ရောက်လာအပြီး လေဆင်နှာမောင်းကြောင့် အိမ်ခေါင်မိုးတွေ လွင့်ထွက်ခဲ့လို့ အသေးစား ပျက်စီးတာတွေ ရှိခဲ့ပါတယ်။ ထိခိုက်သေဆုံးမှု အစီရင်ခံစာတွေတော့ ချက်ချင်း ထွက်မလာသေးပါဘူး။
3 years Ago
Up