ဘိုင်ယန်မြူးနစ်အသင်းကို ၃ ပွဲဆက်တိုက် အနိုင်ရဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကိုပဲ အာရုံ စိုက်ထားတယ်လို့ လီဗာကူဆင်နည်းပြ ပီတာဘော့ဇ်က ပြောပါတယ်။
လီဗာကူဆင်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ ဒီနေ့ည ၈ နာရီ လက်ခံကစားရမှာပါ။ ပြီးခဲ့တဲ့လိဂ်ပွဲ ၂ ကြိမ် ဆက်တိုက် လီဗာကူဆင်က အနိုင်ရရှိထားပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရခဲ့ရင် ဘိုင်ယန်လို ထိပ်တန်းအသင်းကို ၃ ကြိမ် ဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းရမှာဖြစ်ပေမယ့် အဲဒီအချက်အလက်တွေက အရေးမကြီးကြောင်း ပီတာဘော့ဇ်က ပြောပါတယ်။
အရေးကြီးဆုံးက ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဖြစ်ပြီး ရလဒ်ပိုင်း ဘယ်လိုပဲဖြစ်ဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ကိစ္စမရှိကြောင်း လီဗာကူဆင် နည်းပြက ပြောပါတယ်။
ဘိုင်ယန်နည်းပြ ဟန်စီဖလင့်ခ်ကတော့ နောက်ဆုံးလိဂ်ပွဲစဉ် ၁၅ ပွဲဆက်တိုက် ရှုံးပွဲ မရှိကစားထားတာကြောင့် ဒီပွဲမှာလည်း ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်ပြီး အနိုင်ယူမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
9 months Ago