ပီတာချက် စိတ်ပျက်နေ

March 31, 2018

အာဆင်နယ်အသင်း ရလဒ်ဆိုးရွားမှုများကြောင့် ဂိုးသမားကြီး ပီတာချက် စိတ်ပျက်နေ

  ဂိုးသမားကြီး ပီတာချက်ဟာ အာဆင်နယ်အသင်းရဲ့ နောက်ပိုင်းကာလတွေမှာ ရလဒ်ပိုင်း ဆိုးရွားနေမှုကြောင့် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၃၃ မှတ်ထိ ကွာဟနေပြီးတော့ ချန်ပီယံလိဂ်အပြင် ယူရိုပါလိဂ်ဝင်ခွင့်ရရှိဖို့တောင် ရုန်းကန်ရမယ့် အခြေအနေမှာ ရှိပါတယ်။ ပီတာချက်က လက်ရှိ မန်စီးတီးအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်တို့ဟာ မကွာခြားပေမယ့် အာဆင်နယ်အသင်းဟာ ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိတော့တာကို စိတ်ပျက်နေတာပါ။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းထဲက အသင်းတသင်းဖြစ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ပီတာချက်ဟာ အာဆင်နယ်အသင်းကို ၂၀၁၅ ခုနှစ်က စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၀ နီးပါး ကစားပေးထားခဲ့ပါတယ်။ အက်ဖ်အေဖလားတကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ်ရရှိထားတဲ့ ဝါရင့်ကစားသမားကြီးဖြစ်ပါတယ်။
4 years Ago
Up