ပီတာခရော့ခ်ျ

February 10, 2019

၃၈ နှစ်အရွယ်ဖြစ်ပေမယ့် သက်သေပြစရာအများကြီးကျန်သေးဟု ပီတာခရော့ခ်ျပြော

အသက် ၃၈ နှစ်အရွယ်ကစားသမားတဦးအတွက် သက်သေပြစရာအများကြီး ကျန်သေးတယ်လို့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်မှာ ဘန်လေအသင်းကို ရောက်ရှိခဲ့သူ ပီတာခရော့ခ်ျက ပြောကြားလိုက်ပါတယ်။ ပီတာခရော့ခ်ျဟာ စပေါ့တ်မေးလ်မှာ ဘောလုံးသုံးသပ်သူတဦးအဖြစ် လုပ်ကိုင်နေပေမယ့် မထင်မှတ်တဲ့ အနေအထားကနေ ဘန်လေအသင်းမှာ ပြန်လည်ကစားဖို့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူး၊ ပို့စမောက်၊ ဆောက်သမ်တန်၊ စပါး၊ စတုတ်စီးတီး အသင်းတွေမှာ ကစားခဲ့ဖူးပေမယ့် တိုက်စစ်မှူးတဦးအနေနဲ့ သွင်းဂိုးအနည်းငယ်ပဲ သွင်းယူပေးနိုင်ခဲ့တာကြောင့် ကစားသမားဘဝသူ့ရဲ့ ခြေစွမ်းအပေါ် ဝေဖန်မှုတွေ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ပီတာခရော့ခ်ျဟာ အရပ်အမောင်းမြင့်မားတာကြောင့် ခေါင်းတိုက်သွင်းဂိုးတွေအတွက် နာမည်ကြီးခဲ့သူဖြစ်ပေမယ့် ကစားခဲ့တဲ့ ကလပ်အသင်းပေါင်း ၁၀ သင်းကျော်မှာ သွင်းဂိုး ၁၅၀ ကျော်သာ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းအတွက်တော့ ၄၂ ပွဲကစားပြီး သွင်းဂိုး ၂၂ ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
2 years Ago
Up