ပီတစ်

March 5, 2019

အာဆင်နယ်နောက်ခံလူ မူစတာဖီကို ကစားသမားဟောင်း ပီတစ် ဝေဖန်

အာဆင်နယ်နောက်ခံလူ မူစတာဖီကို ကြီးမားတဲ့ အမှားတွေရဲ့ ဘုရင်လို့ ကစားသမားဟောင်း ပီတစ်က ဝေဖန်လိုက်ပါတယ်။ အာဆင်နယ်ဟာ စပါးအသင်းနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ မူစတာဖီက ဟယ်ရီကိန်းကို တွန်းခဲ့တာကြောင့် အာဆင်နယ်အသင်း ပယ်နယ်တီပေးခဲ့ရပြီး ချေပဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲထွက်လူစာရင်းမှာ မူစတာဖီကို အသုံးပြုခဲ့တဲ့အတွက် အံအားသင့်မိပြီး သူဟာ အမှားတွေ မကြာခဏ ကျူးလွန်လေ့ရှိတဲ့ အမှားတွေရဲ့ဘုရင် ဖြစ်တယ်လို့ ပီတစ်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ကစားသမား ပီတစ်ဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူဖူးသလို ပြင်သစ်အသင်းနဲ့လည်း ၁၉၉၈ ကမ္ဘာ့ဖလား ရယူခဲ့ဖူးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟောင်းတဦး ဖြစ်ပါတယ်။
2 years Ago

May 13, 2018

အာဆင်နယ်နည်းပြရာထူးအတွက် ဗီအဲယာနှင့်အာတီတာတို့ အချိန်မတိုင်သေးဟု ပီတစ်ပြော

အာဆင်နယ်နည်းပြ ရာထူးဟာ ဗီအဲယာနဲ့ အာတီတာတို့အတွက် စောလွန်းသေးတယ်လို့ ကစားသမားဟောင်း ပီတစ်က သုံးသပ်လိုက်ပါတယ်။ အာဆင်နယ်နည်းပြရာထူးအတွက် တခြားထိပ်တန်းနည်းပြတွေနဲ့အတူ ကစားသမားဟောင်းတွေဖြစ်တဲ့ ဗီအဲယာ၊ အာတီတာတို့လည်း သတင်းထွက်နေတဲ့အပေါ်မှာ ပီတစ်က အခုလိုပြောကြားခဲ့တာပါ။ ရေပန်းစားတဲ့ နည်းပြတွေထဲမှာ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက အောင်မြင်မှုတချို့ ရယူနိုင်ခဲ့ပြီး ဗီအဲယာဟာလည်း အဖြေတစ်ခု ဖြစ်နိုင်ပေမယ့် သူ့အတွက် အချိန်မတိုင်သေးဘူးလို့ ပီတစ်က ဆိုပါတယ်။ ဒါ့အပြင် အာတီတာဟာလည်း မန်စီးတီးမှာ ဂွါဒီယိုလာရဲ့နောက် အရေးကြီးတဲ့ နည်းပြဖြစ်ပေမယ့် အာဆင်နယ်နည်းပြနေရာအတွက်တော့ အဆင်မပြေနိုင်ဘူးလို့ ပီတစ်က ဆိုပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟောင်း ပီတစ်ဟာ အာဆင်နယ်အသင်းမှာ ၃ နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အက်ဖ်ဖလားတွေ ရယူ နိုင်ခဲ့သူဖြစ်ပါတယ်။
3 years Ago
Up