ပီဂျာနစ်

December 13, 2018

ဂျူဗင်တပ်သို့ ပေါ့ဂ်ဘာ ပြန်လာနိုင်ရေး အိပ်မက်တခုဖြစ်ဟု ပီဂျာနစ် ပြော

ဂျူဗင်တပ်အသင်းကို ပေါ့ဂ်ဘာ ပြန်လာဖို့ဟာ အသင်းပရိသတ်တွေအတွက်  အိပ်မက်တခုဖြစ်တယ်လို့ ကွင်းလယ်ကစားသမား ပီဂျာနစ်က ပြောကြားလိုက်ပါတယ်။ ပြင်သစ်ကစားသမား ပေါ့ဂ်ဘာဟာ မန်ယူအသင်းမှာ အဆင်မပြေ ဖြစ်နေတာကြောင့် အသင်းဟောင်း ဂျူဗင်တပ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေတာပါ။ ဒီအပေါ်မှာ ဂျူဗင်တပ် ကွင်းလယ်ကစားသမား ပီဂျာနစ်က ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ပရိသတ်တွေအတွက်လည်း အိပ်မက်တခုဖြစ်တယ်လို့ ပြောပါတယ်။ ဂျူဗင်တပ်အသင်းဟာ အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူလေ့ရှိပြီး  ခြေစွမ်းတိုးတက်လာအောင် ရည်ရွယ်ချက်ရှိတဲ့အသင်း ဖြစ်တာကြောင့် ပေါ့ဂ်ဘာ ပြန်လာမယ်ဆိုရင်လည်း ကြိုဆိုမှာဖြစ်တယ်လို့ ပီဂျာနစ်က ဆိုပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပြီး စုစုပေါင်း ၁၇၈ ပွဲမှာ ၃၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
3 years Ago
Up