ပီချီချီဆု

July 20, 2020

တိုက်စစ်မှူး မက်ဆီ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးနှင့် ပီချီချီဆု စံချိန်သစ်တင်

အလာဗက်စ်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ နောက်ထပ်စံချိန်တခုကို ရရှိခဲ့ပြီဖြစ်ပါတယ်။  မက်ဆီဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်မှာ ဗီဒယ်အတွက် ဂိုးဖန်တီးမှုတကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။  ဒါဟာ သူ့ရဲ့ဒီရာသီအတွင်းအကြိမ် ၂၀ မြောက်ဂိုးဖန်တီးမှုဖြစ်ပြီး တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ အသင်းဖော်ဟောင်း ဇာဗီရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ အလာဗက်စ်နဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ မက်ဆီဟာ အန်ဆုဖာတီရဲ့ ဦးဆောင်ဂိုးကို ဖန်တီးပေးလိုက်နိုင်တာကြောင့် ဒီရာသီအတွင်း သူ့ရဲ့ဂိုးဖန်တီးမှုဟာ ၂၁ ကြိမ်ဖြစ်သွားခဲ့ပြီး ဒါဟာ စံချိန်သစ်တစ်ခုလည်း ဖြစ်ပါတယ်။  ဖာတီရဲ့အဖွင့်ဂိုးအပြီး ၁၀ မိနစ်အကြာမှာ မက်ဆီက ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အာဂျင်တီးနားလက်ရွေးစင်အတွက် ဒီရာသီအတွင်း ၂၄ ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။  အဲ့ဒီနောက်မှာတော့ လူးဝစ္စဆွာရက်၊ ဆီမီဒိုတို့က တစ်ဂိုးဆီသွင်းယူပေးနိုင်ခဲ့ပါတယ်။ မက်ဆီဟာ သူ့အတွက် ဒီရာသီလာလီဂါ ၂၅ ဂိုးမြောက်ဂိုးကို အယ်လ်ဘာရဲ့ ဖန်တီးပေးမှုကနေတဆင့် ၇၅ မိနစ်မှာ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။  ဒါ့ကြောင့် မက်ဆီဟာ လာလီဂါ ဂိုးအများဆုံးသွင်းသူအားပေးတဲ့ (ပီချီချီဆု) အတွက် ဒုတိယနေရာက ဘန်ဇီးမားကို ၄ ဂိုးအသာရရှိ သွားခဲ့တာဖြစ်ပြီး လီဂါနက်စ်နဲ့ ပွဲမှာဘန်ဇီးမားက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် ဒီဆုကို ၂၅ ဂိုးနဲ့ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။  ဒါ့ကြောင့် မက်ဆီဟာ လာလီဂါပြိုင်ပွဲမှာ သူ့အတွက် ၇ ကြိမ်မြောက် ပီချီချီဆုကို ရရှိသွားခဲ့ပြီဖြစ်ပြီး ဒါဟာ စံချိန်သစ်တခု ဖြစ်ပါတယ်။
10 months Ago
Up