ပီကေး

June 5, 2022

အဆိုတော် ရှာကီယာနှင့် ဘာစီလိုနာကစားသမား ပီကေးတို့ ကွာရှင်းပြတ်စဲ

ကမ္ဘာ့ကျော်အဆိုတော် ရှာကီယာနဲ့ ဘာစီလိုနာ နောက်တန်းကစားသမား  ဂျာရတ်ပီကေးတို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲသွားလိုက်ကြတဲ့အကြောင်းကို သူတို့ စုံတွဲက မေ ၄ ရက်မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။ 

ဒီလို ကွာရှင်းလိုက်တဲ့အတွက် ဝမ်းနည်းရတဲ့အကြောင်းနဲ့ သူတို့နှစ်ယောက်ရဲ့ နံပါတ်တစ် ဦးစားပေးဖြစ်တဲ့ ကလေးတွေကို ငဲ့ကွက်တဲ့အနေနဲ့ အတွင်းရေးတွေကို လေးစားမှု ရှိကြဖို့ကိုလည်း ကြေညာချက်မှာ မေတ္တာရပ်ခံထားပါတယ်။

ကိုလံဘီယာ အဆိုတော် ရှာကီယာနဲ့ ပီကေးတို့ဟာ ၂၀၁၁ ခုနှစ်ကတည်းက စုံဖက် ပေါင်းသင်းလာကြတာဖြစ်ပြီး သူတို့စုံတွဲမှာ ကလေးနှစ်ယောက် ထွန်းကားပါတယ်။

သူတို့ နှစ်ယောက်ဟာ ၂၀၁၀ ပြည့်နှစ်တုန်းက တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ မတိုင်ခင်လေး အဲဒီအချိန်က ရှာကီယာရဲ့ နာမည်ကျော်သီချင်း ဝါကာ ဝါကာ "Waka Waka (This Time for Africa)" ရိုက်ကူးတဲ့ အချိန်မှာ ဖူးစာဆုံခဲ့ကြတာ ဖြစ်ပါတယ်။

2 months Ago

October 3, 2021

၃ နာရီကြာ ကစားလည်း ဘာစီလိုနာအသင်း ဂိုးရမည် မဟုတ်ဟု ပီကေး ဝေဖန်

ဘာစီလိုနာအသင်း တိုက်စစ်အနေနဲ့ ၃ နာရီကြာဆက်ကစားလည်း ဂိုးရနိုင်မှာမဟုတ်သေးဘူးလို့ နောက်ခံလူ ပီကေးက ဝေဖန်ပါတယ်။

အက်သလက်တီကို အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ လာလီဂါ ပွဲစဉ်အပြီးမှာ ဘာစီလိုနာအသင်း တိုက်စစ်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပီကေးက ဝေဖန်ခဲ့တာပါ။

ဘာစီလိုနာ တိုက်စစ်မှာ ဒီပေးနဲ့ ကော်တင်ညိုတို့ ဦးဆောင်ကစားခဲ့ပြီး ဒုတိယပိုင်းမှာ ဖာတီနဲ့ လုခ်ဒီဂျောင်တို့ လူစားလဲ ဝင်ကစားခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးတွေ မရခဲ့ဘဲ ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။ 

“ငါတို့က ၃ နာရီကြာ ကစားလည်း ဂိုးမှာရမှာမဟုတ်သေးဘူး”လို့ ပွဲအပြီးမှာ ပီကေးက ကိုယ့်အသင်းကိုယ်ပြန်လည်ဝေဖန်ခဲ့တာပါ။

သောမက်စ်လီမာက တီကိုအတွက် ဦးဆောင်ဂိုးသွင်းယူအပြီးမှာလည်း ပီကေးက အသင်းခေါင်းဆောင် ဘူးစကွက်စ်နဲ့ စကားအချေအတင်ဖြစ်ခဲ့ပါသေးတယ်။

လီမာက ဆွာရက်ဇ်နဲ့ အပေးအယူလုပ်ပြီး ဂိုးသွင်းသွားတဲ့အခြေအနေမှာ ကွင်းလယ်လူတွေ အနေနဲ့ လီမာကို လိုက်ပြီး တားဆီးသင့်တာကြောင့် ဖြစ်တယ်လို့ ပွဲအပြီးမှာ ပီကေးကပြောပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ၂ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီးနောက် လာလီဂါမှာလည်း ရှုံးပွဲစတွေ့ခဲ့ပြီး အမှတ်ပေးဇယားမှာ  အဆင့် ၉ အထိ ကျဆင်းသွားခဲ့ပါတယ်။

11 months Ago
More News
Up