ပိတောက်ခွဲသားများ ဖမ်းမိ

March 1, 2018

မိတ္ထီလာ-တောင်ကြီးလမ်းတွင် ပိတောက်ခွဲသားများ ဖမ်းမိ

မိတ္ထီလာ-တောင်ကြီးလမ်း မိုင်တိုင် ၃၄/၇ ကျွဲတပ်ဆုံဂိတ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေက ၂၂ ဘီးကားပေါ်က တရားမဝင် ပိတောက်ခွဲသား ၁၂ တန်ကျော် ဖမ်းမိခဲ့တယ်လို့ သာစည်သစ်တောဦးစီးမှူး ဦးဟိန်းကျော်နိုင်က ပြောပါတယ်။ တောင်ကြီးမြို့ အေးသာယာရပ်မှာနေတဲ့ ယာဉ်မောင်း မောင်ဖန်(ခ)မောင်ခိုင်နဲ့ တရပ်တည်းနေသူ ယာဉ်နောက်လိုက် စောထက်ခိုင်ကျော်တို့ နှစ်ဦးပါတဲ့ ၂၂ ဘီးကားကို အမှတ်-၁၈ မူးယစ်တပ်ဖွဲ့စု ‎သတင်းတပ်ဖွဲ့ သာစည်မြို့နယ် ရဲတပ်ဖွဲ့၊ သစ်တောအဖွဲ့နဲ့ သက်သေတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းမိတာ ဖြစ်ပါတယ်။ “ပိတောက်ခွဲသား ၁၀၆ ချောင်း ကာလတန်ဖိုး ၃၆ သိန်းကျော်တယ်။ သစ်တန် ၁၂ ဒသမ ၁၇၁ ပေါ့။ ပြောင်းဖူးရိုးထည့်ထားတဲ့ မြွေရေခွံအိတ် ၁၂၅ လုံးနဲ့ ဖုံးထားတယ်။ အဲဒီအပေါ်မှာ ပေပါခွံ အလုံး ၅၀ ထပ်တင်ထားတာပေါ့။ ‎အိတ်တွေ၊ ပေပါတွေ ဖယ်လိုက်မှ ပိတောက်ခွဲသားတွေ တွေ့ရတာပါ။” သာစည်မြို့နယ် ယင်းမာပင်ရဲစခန်းက ‎မောင်ဖန်နဲ့ စောထက်ခိုင်ကျော်တို့ကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago

April 17, 2017

ဒိုက်ဦးမြို့တွင် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ဒရယ်မီးလမ်းဆုံမှာ ဧပြီ ၁၆ ရက်နေ့က တရားပိတောက်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သတင်းအရ မြို့နယ် သစ်တောဦးစီးနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မန္တလေးဘက်ကနေ ရန်ကုန်ဘက် ယာဉ်မောင်း နေမျိုးဦး ယာဉ်နောက်လိုက် သန့်ဇင်ဦးတို့ မောင်နှင်လာတဲ့ ၆ ဘီးယာဉ်အား ဒရယ်မီးလမ်းဆုံမှာ ရပ်တန့်ရှာဖွေရာ တရားမဝင်ပိတောက်ခွဲသားဆိုဒ်စုံ (၂၇) ချောင်း၊ ကာလတန်ဖိုး ၇ သိန်း နီးပါးတို့ကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ တရားမဝင်သစ် သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် တို့ကို သစ်တောဥပဒေပုဒ်မ ၄၂ (ခ) အရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
4 years Ago
Up