ပိုး​ကြောင့် ပျက်​စီး

January 16, 2018

မင်းတုန်းမြို့နယ်တွင် မြေပဲနှင့် စား​တော်​ပဲခင်းများ ပိုး​ကြောင့် ပျက်​စီး

မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင်​ မင်းတုန်းမြို့နယ်​​ မြောက်​ပြင်​တိုက်​နယ်​ထဲမှာ အချိန်အခါမဟုတ် မိုးကြောင့် မြေပဲနဲ့ စားတော်ပဲခင်းတွေ ပိုးကျ ပျက်စီးကုန်တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ ​မြေပဲခင်းပိုင်​ရှင်​ ကို​ဇော်​ဝင်းက “ဒီပိုး​တွေက ညမှ ထွက်​တာ။ ​နေ့မှာ ဘယ်​လိုမှ ရှာမရဘူး။ ​မြေကြီးခဲ​တွေထဲမှာ​ နေတာ။ ညကျမှ အပြင်​ကိုထွက်​ပြီး အရွက်​​တွေကို စားတာ။ ဒါ​ကြောင့် ညဆို မီးတထိန်​ထိန်​နဲ့​ ဆေးဖြန်း​နေရတယ်”လို့ ​ပြောပါတယ်​။ မြို့နယ်​စိုက်​ပျိုး​ရေး ဦးစီးဌာနမှူးဦးမြင့်လင်းက “သီးလုံး​ဖောက်​ပိုးပဲ။ င​မြှောင်​​တောင် ​မျိုးနွယ်​။ အမြစ်​ပြတ်​ဖို့ ခဲယဉ်းတယ်။ ​ဖလံမ တခါဥရင် ​၁၅၀​ လောက် အုတာ။ တဝက်​ပဲ တင်​ဦး​ပေါင်းပင်​​တွေ၊ ​ခွေး​လှေးယားပင်​​တွေမှာ ကျန်​တာပဲ။ နှင်းမကျဘဲ မိုးအီလို့ ပိုများတာ။ ကျ​နော်​တို့ ဌာနက​တော့ သိရင်​ အဖွဲ့လိုက်​လွှတ်​ပြီး​ ဆေးဖြန်းနည်း၊ ​ဆေးအမျိုးအစား စနစ်​ကျအောင်​ ပြသ​ပေးတယ်​။ ​ဆေးအမျိုးအစား မှန်​ဖို့ လိုတယ်။ ထိ​သေစား​သေ အမျိုးအစားမျိုး သုံးရတာ စနစ်​ကျဖို့လည်း လိုတယ်​။ စနစ်​မကျရင်​​ ရှေ့နှစ်​ခါ ဒီ​ဆေးနဲ့ မ​သေချင်​ဘူး။ သူတို့ ခုခံအားက​ ကောင်းလာတာ​ပေါ့”လို့ ​ပြောပြပါတယ်​။ ကုလားပဲစိုက်​ပျိုးချိန်က မျိုး​ဈေး ကျပ်​ငါး​သောင်း​ကျော်​​၊​ မြေပဲက အခွံနဲ့​ သောင်းနှစ်​​ထောင်​​ ပေးရပြီး ဆေးဖိုး၊ လုပ်​အားခနဲ့ ပေါက်​​ဈေးက နှစ်သောင်း မပြည့်ပါက ရင်းစားမရနိုင်​​ဘူးလို့ ​တောင်​သူအများစုက​ ပြောကြပါတယ်​။ သတင်း - ​နေမှူးလူ
3 years Ago
Up