ပိုး​တွေ့သင်္ဘောသားအိမ်

August 26, 2020

တောင်ဥက္ကလာက ပိုး​တွေ့သင်္ဘောသားအိမ်ကို တ/ဥအထက (၃)က  အထက်တန်း​ကျောင်းသား ၁ ဦး အလည်သွားခဲ့သည့် ရာဇဝင်ရှိ​နေ

မ​နေ့ည ၁၂ နာရီ​ကျော်က ​တောင်ဥက္ကလာပမြို့နယ် မာဃ ၆ လမ်း​နေ ကိုဗစ်-၁၉ ပိုး​တွေ့လူနာအိမ်ကို အလည်လာ​လေ့ရှိတဲ့ ​တောင်ဥက္ကလာပမြို့နယ် အထက(၃)မှာ ပညာသင်​နေတဲ့ ​အထက်တန်း​ကျောင်းသားတစ်​ယောက်ကို ​ခေါ်ယူ​တွေ့ဆုံ​မေးမြန်း​နေ​ကြောင်း ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦးမိုးမြင့်က​ ပြောပါတယ်။ "အဲဒီကလေးက  ​ဆွေမျိုးမကင်း​တော့ သူ့အိမ်ခဏခဏသွားလည်တာ​တွေရှိတယ်။ သူနဲ့ထိ​တွေ့သူ​တွေ​တော့ ဆက်စုံစမ်း​နေတုန်းပဲ။"လို့ သူက ​ပြောပါတယ်။  အသက် ၃၀ ​ကျော်အရွယ်ရှိ သင်္ဘောသားဟာ လွန်ခဲ့တဲ့ ၂နှစ်​လောက်က သင်္ဘောတက်ပြီး ပြန်လာပြီး​နောက်  နောက်တ​ခေါက်သင်္ဘောတက်ဖို့ ​ဆေးစစ်ခဲ့တာဖြစ်တယ်လို့ တောင်ဥက္ကလာပ မြို့နယ် ဒုမြို့နယ်အုပ်ချုပ်​ရေးမှူး  ဦးတင့်လွင်က ​ပြောပါတယ်။ "သင်္ဘောတက်ဖို့ဆိုပြီး သူ့ဘာသာသွားစစ်တာ။ သွားစစ်တဲ့ ​နေရာက​နေ ကျန်းမာ​ရေးကို အ​ကြောင်းကြားတာဖြစ်မယ်။ ကျနော်တို့  သွားတဲ့အချိန် သူမသိ​ဘူး။ တိုင်းကျန်းမာ​ရေးက မြို့နယ်ကို အ​ကြောင်းကြား၊ မြို့နယ်က​နေ ချိတ်ဆက်ပြီး ညတွင်းချင်းပို့ပါဆိုလို့ ည ၁၂နာရီ ၄၅ မိနစ်မှာ တိုင်း/ကျန်းက ကား​ရောက်လာလို့ ​ဝေဘာဂီကို ပို့လိုက်တာပါ။"လို့ ပြောပါတယ်။ သူ​နေထိုင်တဲ့ အိမ်အပါအဝင် လမ်းကိုလည်း လတ်တ​လော  လော့​ဒေါင်းချထားပြီး ပိုးသတ် ဆေးဖျန်းတာ​တွေလည်း လုပ်ထားကာ သူ့မိသားစုဝင်​တွေကိုလည်း ကွာရတင်းစင်တာပို့ဖို့ စီစဉ်နေ ပါတယ်။ သူနဲ့ပတ်သက်ပြီး အ​သေးစိတ်ကိုဆက်စုံစမ်း​နေဆဲဖြစ်ပြီး၊ အ​​ဖြေက​တော့ ​ပေါ့စတစ်ဖြစ်​တယ်လို့ ကျန်းမာ​ရေးဌာန တာဝန်ရှိသူက ဆိုပါတယ်။
1 year Ago
Up