ပိုးသတ်ဆေးဖြန်း

April 12, 2020

ဆိုက်ဘေးရီးယားဒေသတွင် ဂျက်အင်ဂျင်ဖြင့် ပိုးသတ်ဆေးဖျန်း

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်ကူးစက်မှု ထိန်းချုပ်ရေး ပုံစံအမျိုးမျိုး ဆောင်ရွက်နေချိန်မှာရု ရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ ချယ်ယာဗျင့်ခ်စ််မြို့ခံတွေဟာ လမ်းတွေကို ဂျက်အင်ဂျင်တလုံးကို အသုံးပြုပြီး ပိုးသတ်ဆေးဖျန်းနေကြပါတယ်။ မြို့တွင်း ကိုရိုနာကူးစက်ခံ ၄၂ယောက် ရှိတယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။ စပက်ဇာဂရီဂတ်ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာက တရုတ်မြို့ရဲ့ လမ်းတွေပေါ်မှာ ပိုးသတ်နေတာ ကြည့်ရင်း ဂျက်အင်ဂျင်သုံးဖို့ အတွေးပေါ်လာတယ်လို့ ပြောပါတယ်။ ဂျက်အင်ဂျင်ကို သုံးလို့ ပိုးသတ်ဆေးမှုန့် တိမ်တိုက်က ပိုကျယ်ကျယ်ပြန့်ပြန့် ပိုးသတ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ ရုရှားနိုင်ငံမြို့တော် မော်စကိုဝန်းကျင်မှာ အများဆုံး ကူးစက်ခံထားရပြီး တနိုင်ငံလုံးမှာ ဧပြီ ၁၂ရက် အတည်ပြုချက်အရ ၁၃၅၈၄ယောက် ကူးစက်ခံထားရပြီး ကူးစက်ခံ ၁၀၆ယောက် သေဆုံးခဲ့ပါတယ်။
2 years Ago

March 30, 2020

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မကွေးမြို့ပေါ်ဈေးများတွင် ပိုးသတ်ဆေးဖြန်း

COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ မကွေးမြို့ပေါ် စျေး ၅ စျေးကို မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖြန်းခဲ့တယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက "COVID-19 ရောဂါ မြန်မာနိုင်ငံမှာ တွေ့ရှိနေပြီမို့ အများပြည်သူ သွားလာနေတဲ့ စျေးတွေမှာ ပိုးသတ်ဆေးဖျန်းပေးခြင်း အားဖြင့် အထိုက်အလျောက် ကာကွယ်နိုင်မှာဖြစ်တယ်။ ကလိုရင်း ပိုးသတ်ဆေးတွေ စျေးအားလုံးကို ဖျန်းပေးတာဖြစ်ပါတယ်။ စျေးဝင်ပေါက်တွေမှာလည်း လက်ဆေးဘေစင် နဲ့ ဆပ်ပြာတွေ အဆင်သင့်ထားရှိပါတယ်။ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်အောင် အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေငှပေးပြီး နံရံကပ် ပိုစတာတွေလည်းစိုက်ထူထားပါတယ် ။ရပ်ကွက် အတွင်း အမှိုက်သိမ်းယာဉ် သွားလာတဲ့အချိန်တွေမှာလည်း COVID-19 အသိပညာပေး ကြော်ငြာတာတွေ၊ သီးခြား လှည့်လည်ကြော်ငြာတာတွေ လုပ်ဆောင်နေပါတယ်" လို့ ဒီဗွီဘီ ကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးရှောင်ရှားနိုင်ဖို့ အစားသောက်ရောင်ချတဲ့ဆိုင်တွေကို ဆိုင်ထိုင်ရောင်းချခွင့်မပြုတော့ဘဲ ပါဆယ်သာရောင်းချကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ သတင်း-မင်းထီး
2 years Ago
More News
Up