ပိုးသတ်ဆေ

July 19, 2020

မြန်အောင်မြို့ရှိ စာသင်ကျောင်းများကို လဝန်းရောင်ခြည်အဖွဲ့က ပိုးသတ်ဆေး အခမဲ့ဖျန်းပေးနေ

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ထဲက စာသင်ကျောင်းတွေမှာ COVID-19 ကာကွယ်တဲ့ အနေနဲ့ လဝန်းရောင်ခြည် ပရဟိတ လူငယ်အဖွဲ့က ပိုးသတ်ဆေးတွေ အခမဲ့ ဖျန်းပေးနေပါတယ်။  ကျောင်းဖွင့်ရက်နီးလာတာကြောင့် ဇူလိုင် ၁၆ ရက်နေ့က မြန်အောင်မြို့ အလက လက်ပန်ရပ်ကျောင်းမှာ ပိုးသတ်ဆေးဖြန်းပေးခဲ့ပါတယ်  မြန်အောင်မြို့နယ်ထဲမှာ ကျောင်းပေါင်း ၂၅၆ ကျောင်းရှိပြီး  လဝန်းရောင်ခြည် ပရဟိတ လူငယ်အဖွဲ့အနေနဲ့ ကျောင်းပေါင်း ၁၀ ကျော်မှာ ကိုဗစ်-၁၉ ကာကွယ်တဲ့ ပိုးသတ်ဆေးတွေ ဖြန်းပေးခဲ့ပြီး ကျောင်းတွေမှာ ပိုးသတ်ဆေးထပ်ဖျန်းသွားမယ်လို့ အဖွဲ့ရဲ့ တာဝန်ခံ ကိုဝေယံကျော်က DVB ကို ပြောပါတယ်။  မြန်အောင်မြို့နယ်ထဲမှာ ဇူလိုင်လ ၁၈ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမရှိဘဲ စောင့်ကြည့်စခန်း ၃ ခုမှာ စောင့်ကြည့်ခံနေသူ ၂၁ ဦးရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 
1 year Ago

March 22, 2020

ဟောင်ကောင် မြေအောက်ရထားများတွင် ရိုဘော့များဖြင့် ပိုးသတ်ဆေးဖျန်း 

ဟောင်ကောင် မြေအောက်ရထားတွေမှာ ရေခဲသေတ္တာငယ်အရွယ် ရိုဘော့တွေနဲ့ ပိုးသတ်ဆေးဖျန်းနေပါတယ်။ သေတ္တာပုံစံ ရိုဘော့တွေဟာ မြေအောက်ရထားထဲမှာ အလိုအလျောက် ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်ပျော်ရည်ကို  ပက်ဖျန်းနိုင်ပါတယ်။ ရိုဘော့တွေကို အဝေးထိန်းခလုတ်နဲ့ ထိန်းကျောင်းနိုင်သလို ကြိုတင်သတ်မှတ်ထားတဲ့ ပုံစံနဲ့  လမ်းညွှန်နိုင်ပါတယ်။ တွဲ ၈ တွဲပါ ရထားတစင်းကို ရိုဘော့နဲ့ ပိုးသတ်ဆေးဖျန်းမယ် ဆိုရင် အချိန် ၄ နာရီခန့် ကြာတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။  မတ် ၂၀ ရက်နေ့မှာတော့ MTR Operations Director တိုနီလီက ရိုဘော့ဟာ လူသား သန့်ရှင်းရေးတွေ လက်လှမ်းမမီတဲ့နေရာတွေကို သန့်ရှင်းပေးနိုင်ပြိး အန္တရာယ်များလှတဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်နိုင်တယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီလ နှောင်းပိုင်းက မောင်းကွတ်ခရိုင် MTR ရုံးမှာ ဝန်ထမ်းတဦး ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်မှာ ရိုဘော့နဲ့ အစားထိုး အသုံးပြုနေပြီ ဖြစ်ပါတယ်။  ပုံမှန်အားဖြင့် ပိုးမွှားကူးစက်ခံရမှုကင်းအောင် ဆေးရုံနဲ့ စမ်းသပ်ခန်းမှာ ရိုဘော့ နည်းပညာကို အသုံးပြုနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရာမှာ ဟောင်ကောင်ဟာ အောင်မြင်မှု ရနေပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၆ ဦး ရှိပြီး ၄ ဦး သေဆုံးထားတဲ့ ဟောင်ကောင်မှာ ခရီးသွားသူတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပြီး မတ် ၁၉ ရက်က ရောက်လာသူတွေကို  ၁၄ ရက် သီးခြားစောင့်ကြည့်ဖို့ ညွန်ကြားထားပါတယ်။ ဒါ့အပြင် မလိုအပ်ဘဲ ခရီးမသွားကြဖို့  အကြံပြုထားတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up