ပိုးသတ်စက်

A d v e r t i s e m e n t With Us

December 10, 2020

ကိုဗစ်-၁၉ ဟန့်တားရန်  ခရမ်းလွန်ရောင်ခြည်သုံး ပိုးသတ်စက်ကို ဂျပန်စာကြည့်တိုက်များ၌ သုံးစွဲ

ခရမ်းလွန်ရောင်ခြည်အလင်းရောင်ကို သုံးပြီး စာအုပ်တွေကို ပိုးသတ်ပေးတဲ့ စက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း စာကြည့်တိုက်ကို လာတဲ့သူတွေ စာအုပ်တွေကို ငှားရမ်း ယူငင် ဖတ်ရှုနိုင်ရေး အာမခံချက် ပေးလိမ့်မယ်လို့ ဂျပန်စာကြည့်တိုက်တွေက မျှော်လင့် ထားကြပါတယ်။ နိုင်ငံတဝန်းက စာကြည့်တိုက်တွေဟာ ဖုန်ခါဖို့ စာမျက်နှာတွေကို တဖျပ်ဖျပ် လှန်နေဆဲမှာပဲ ခရမ်းလွန်ရောင်ခြည်ကို သုံးပြီး စာအုပ်တအုပ်ကို စက္ကန့် ၃၀အတွင်း ပိုးသတ်နိုင်ပါတယ်။ တိုကျိုမြို့တော်က နာရိမတ်စု စာကြည့်တိုက်ဟာ ဒီစက်ကို ၂၀၁၈ တည်းက တပ်ဆင်ထားပေမဲ့ ခုချိန်ထိ ၃ ခါပဲ သုံးရသေးတယ်လို့ စက်ရုံ မန်နေဂျာက ပြောပါတယ်။  ဒီဇင်ဘာ ၉ ရက်မှာ အဲဒီစက်ကို စာကြည့်တိုက်တွေ အတော်များများ အတွင်း ကိုဗစ်-၁၉ အဟန့်အတားအဖြစ် သုံးနေကြပါတယ်။  ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူ၊ ကူးစက်ခံ သေဆုံးသူ ဦးရေ များမလာအောင် ရှောင်နိုင်ခဲ့ပြီး ခုတော့ ကိုဗစ် တတိယလှိုင်းကို ရင်ဆိုင်နေရတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
3 months Ago

April 16, 2020

ထိုင်းဆေးဝန်ထမ်းများအတွက် မျက်နှာဖုံးပိုးသတ်စက် တီထွင်

ထိုင်းနိုင်ငံက သုတေသနပညာရှင်တွေနဲ့ အကျိုးအမြတ်မယူတဲ့ ကုမ္ပဏီတခု ပူးပေါင်းပြီး ဆေးဝန်ထမ်းတွေအတွက် အကာအကွယ်ပေးတဲ့ မျက်နှာဖုံးတွေ ပိုးသတ်ပေးတဲ့ စက်ကို ဖန်တီးလိုက်ကြပါတယ်။  ခရမ်းလွန်ရောင်ခြည်အဆင့် စီအလင်းနည်းပညာကို သုံးထားတဲ့ ဒီစက်တွေဟာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်းနဲ့ ဘက်တီးရီးယားတွေကို သတ်နိုင်ပြီး ဆေးဝန်ထမ်းတွေရဲ့ မျက်နှာဖုံးတွေကို ပြန်သုံးနိုင်စေပါတယ်။  ထိုင်းနိုင်ငံထဲမှာ ဗိုင်းရပ်စ်ကာကွယ်ပေးတဲ့ ပစ္စည်းကိရိယာ ဝယ်လိုအား တိုးနေတာပါ။  ဧပြီ ၁၅ ရက်က SOS COVID-19 Fight Project ဟာ ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး မျက်နှာဖုံး ပိုးသတ်စက် ပထမအသုတ်ကို ဖြန့်ချိခဲ့ပါတယ်။  ဒီစီမံကိန်းဟာ ခွဲခန်းသုံးမျက်နှာဖုံးနဲ့ N95 မျက်နှာဖုံး ပြတ်လပ်နေတဲ့ အတောအတွင်း ဆေးဝန်ထမ်းတွေ ဘေးကင်းရေး ကူညီနိုင်ဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းတည်ထောင်သူ နိမစ် ပရာဆစ်ဒမ်ရွန်က ပြောပါတယ်။  ဒီရက်တွေမှာ မျက်နှာဖုံးတွေ လုံလောက်အောင် မရတာက ပြဿနာပဲ အလှူခံလို့ရလာတဲ့ မျက်နှာဖုံးတွေကလည်း ဆေးရုံသုံး အဆင့်ကို မမီဘူးလို့ သူက ဆက်ပြောပါတယ်။  SOS COVID-19 Fight Project ဟာ မျက်နှာဖုံး ပိုးသတ်စက်တွေကို ပြည်သူ့ဆေးရုံတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေဆီ အခမဲ့ ဖြန့်ချိသွားဖို့ စီစဉ်ထားပါတယ်။ လောလောဆယ် ဆေးရုံပေါင်း ၃၀၀ ကျော်က အလှူလက်ခံဖို့ စာရင်းပေးပြီးပါပြီ။ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ပိုးသတ်စက် ၃၅ လုံးကို ဗုဒ္ဓဟူးနေ့က လက်ခံခဲ့ပါတယ်။  ထိုင်းနိုင်ငံမှာ ဧပြီ ၁၆ ရက် မနက်ထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂၆၄၃  ယောက် ရှိပြီး သေဆုံးသူ ၄၃ ယောက် ရှိပါတယ်။
11 months Ago
Up