ပိုးတွေ့လူနာ  ၅၀၀၀

December 10, 2020

မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ  ၅,၀၀၀ ကျော်စီရှိလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံး လူနာအများဆုံး ၅,၀၀၀ ကျော်တဲ့ မြို့နယ် ၂ ခုအပါ အဝင် ထောင်နဲ့ချီကူးစက်ခံရတဲ့ မြို့နယ် ၃၀ ထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပိုးတွေ့လူနာအများဆုံးမြို့နယ် ၂ ခုကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံနဲ့‌မြောက်ဥက္က လာပမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာ ၅,၀၃၄ ယောက်နဲ့ ၅,၀၀၂ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ ထောင်နဲ့ချီကူးစက်ခံရတဲ့ မြို့နယ် ၃၀ ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း က မြို့နယ်ပေါင်း ၂၅ မြို့နယ်၊ မန္တလေးတိုင်းက ၃ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁ မြို့နယ်နဲ့ ပဲခူးတိုင်းက ၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၁ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၄ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၇ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ ၁၆ ခု ပါဝင်နေတာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ်ကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဖြစ်ပြီး ၄,၂၃၆ ယောက် ကူးစက်ခံထားရပါတယ်။ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၄ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ် တဲ့ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ ရွှေပြည်သာမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦး ရေ ၃,၉၆၆ ယောက်၊ ၃,၈၁၅ ယောက်၊ ၃,၂၀၃ ယောက်၊ ၃,၁၈၃ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။ ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၇ ခုဖြစ် တဲ့ လှိုင်၊ တာမွေ၊ တောင်ဥက္ကလာပ၊ သန်လျင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ကမာရွတ်၊ သာ ကေတမြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၆၃၄ ယောက်၊ ၂,၅၅၆ ယောက်၊ ၂,၅၄၂ ယောက်၊ ၂,၅၃၁ ယောက်၊ ၂,၄၉၀ ယောက်၊ ၂,၀၉၉ ယောက်၊ ၂,၀၇၁ ယောက်စီနဲ့ အသီး သီး ကူးစက်ခံထားရတာပါ။ အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၃ ခုဖြစ်တဲ့ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မှော်ဘီ၊ ဗဟန်း၊ ဒလ၊ လမ်းမတော်၊ ရန်ကင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွေ ပါဝင်နေတာပါ။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိလာတဲ့ မြို့နယ် ၅ ခုရှိလာပြီဖြစ်ကာ အဲဒီမြို့နယ်တွေကတော့ မန္တလေးတိုင်းမြို့နယ် ၃ ခုဖြစ်တဲ့ ချမ်းအေး သာစံ၊ မဟာအောင်မြေ၊ အောင်မြေသာစံမြို့နယ်၊ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့နဲ့ ရခိုင်ပြည် နယ်မြို့တော် စစ်တွေမြို့တို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လကျော်ရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၀၃,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၉ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၀၃,၁၆၆ ယောက်၊ သေဆုံးသူ ၂,၁၇၄ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၈၁,၇၁၅ ယောက် ရှိနေပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၇၀,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေက ပိုးတွေ့လူနာ ၈,၀၀၀ ကျော်နဲ့ ၆,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စတင်တွေ့ ရှိချိန်ကတည်းက အချိန် ၈ လ ကျော်ကြာခဲ့ချိန်မှာ ဓာတ်ခွဲနမူနာစုစုပေါင်း ၁ ဒသမ ၃ သန်းကျော်ကို စစ်ဆေးမှုတွေအရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အစိုးရအနေနဲ့ အများပြည်သူကို ကျန်းမာရေး အသိပညာ ပေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ပေးနေပြီး ပြည်နယ်နဲ့တိုင်းအလိုက် ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်တွေကိုလည်း လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၉ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁  သန်းခွဲကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၇ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။
4 months Ago
Up