ပိုးတွေ့လူနာများ

A d v e r t i s e m e n t With Us

September 20, 2020

ပိုးတွေ့လူနာများလာသည့် ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်ကို ယာယီပိတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကိုဗစ်ကူးစက်ခံရသူတွေ များလာနေတဲ့ စေတီတောင်ရပ်ကွက် ဖြတ်လမ်း ၃ မှာရှိတဲ့ နေအိမ်တွေကို စက်တင်ဘာ ၁၈ ရက်နေ့က စတင်ပြီး အသွားအလာ ကန့်သတ်ထားသလို လမ်းကိုလည်း ၁ ပတ် ယာယီပိတ်ထားတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က DVB ကို ပြောပါတယ်။ “လော့ဒေါင်းချထားတာတော့ မဟုတ်ဘူး။ အဲဒီနားမှာက လူသွားလူလာ များတယ်၊ အဲဒီနားမှာဆိုရင်လည်း ပိုးတွေ့လူနာနဲ့ ထိတွေ့မှုမရှိဘဲနဲ့ ဒီလိုမျိုး အနံ့ပျောက်ပြီးတော့ ဆေးရုံကို လာပြရင်းနဲ့မှ ပိုးတွေ့တဲ့လူနာတွေက များနေတယ်။ အဲဒါနဲ့ ဆေးရုံအုပ်ကြီးနဲ့ တိုင်ပင်ပြီးတော့ ၁ ပတ်လောက် ပိတ်ထားဖို့ လုပ်ထားတယ်။ မနေ့က ကျနော်တို့ သွားကြည့်ပြီး အပြင်လူကတော့ ၀င်လို့ လုံးဝ အဆင်မပြေဘူး၊ အပြင်ကလူတွေကတော့ လုံးဝဖြတ်လို့မရဘူး၊ အတွင်းထဲက လူတွေအနေနဲ့ မဖြစ်မနေ ဈေးဝယ်ထွက်မယ်ဆိုရင်တော့ ၁ ယောက် ထွက်လို့ရမယ်၊ ကျန်းမာရေးကိစ္စ ဆိုရင်တော့ ၂ ယောက်ပေါ့။ Stay Home သတ်မှတ်တဲ့အတိုင်းပေါ့၊ အဲဒါမျိုးတော့ ပြောထားတယ်။” စေတီတောင်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်က “အဲဒီဖြတ်လမ်း ၃ မှာ ပိုးတွေ့တဲ့သူတွေ ကတော့ ၁၀ ယောက် ကျော်သွားပြီပေါ့။ လမ်းကို ယာယီပိတ်ထားပေးလိုက်တယ်။ ဒီနေ့မနက်ကပဲ ကိုဗစ်တားဆီးရေးအဖွဲ့ကနေပြီးတော့ ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးခြောက်နဲ့ ငရုတ်သီးတွေ လာရောက်ထောက်ပံ့ပေးသွားတယ်။ ပြီးရင်တခြား အလှူရှင်တွေကလည်း လာပြီးထောက်ပံ့ပေးတာတွေလည်း ရှိတာပေါ့။ အဲဒီလမ်းထဲမှာက အိမ်က စုစုပေါင်း ၃၈ အိမ်လောက် ရှိတယ်။ အကုန်လုံး အဆင်ပြေကြပါတယ်” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့မှာ ကိုဗစ်ပိုးတွေ့လူနာဟာ ၁၀၀ ကျော်ရှိလာပြီး ကိုဗစ်ရောဂါသက်သာလို့ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၆၄ ဦး ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ကိုဗစ်ပိုး-၁၉ ရောဂါပိုးတွေ့သူတွေကို ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးနဲ့ ရမ္မ၀တီခန်းမတို့ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်လို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း - နောင်နောင်
6 months Ago

April 18, 2020

ပိုးတွေ့လူနာများကို မိခင်နှင့်ကလေးဆေးရုံ တိုးချဲ့ဆောင်တွင် ထားရှိရန် စီစဉ်

အရင်ကသံ သယလူနာတွေထားတဲ့ တောင်ဥက္ကလာပမြို့နယ်ထဲက မိခင်နဲ့ကလေးဆေးရုံ တိုးချဲ့ဆောင်ကို COVID-19 အတည်ပြုလူနာတွေထားဖို့ စီစဉ်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ဒီဗွီဘီကိုပြောပါတယ်။ ဝေဘာဂီအထူးကုဆေးရုံမှာ ပိုးတွေ့လူနာတွေထားဖို့ သတ်မှတ်ထားတဲ့ အရေအတွက်ကျော်ရင် မိခင်နဲ့ကလေးဆေးရုံ တိုးချဲ့ဆောင်မှာထားဖို့ စီစဉ်တာဖြစ်ပြီး ရပ်ကွက်နဲ့နီးတဲ့ အဲဒီဆေးရုံကို အရင် သံသယလူနာထားတုန်းက ရပ်ကွက်နေပြည်သူတွေ ပြောဆိုဝေဖန်ကြတာရှိပေမဲ့ ဆေးရုံနဲ့ ရပ်ကွက်အကွာအဝေးဟာ ကူးစက်နိုင်ခြေမရှိတဲ့အပြင် စနစ်တကျထားတဲ့အတွက် ပြည်သူတွေ လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။  မိခင်နဲ့ကလေးဆေးရုံ တိုးချဲ့ဆောင်မှာ လူနာ ၁၀၀ ကျော်အထိ ထားရှိနိုင်တယ်လို့ သိရပါတယ်။  ရန်ကုန်မှာ ပိုးတွေ့လူနာတွေထားဖို့ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မိခင်နဲ့ကလေးဆေးရုံနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ စီစဉ်ထားပါတယ်။  ဒီကနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာ ၉၄ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိပါတယ်။  ပိုးတွေ့လူနာ ၉၄ ဦးမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။
11 months Ago
Up