ပိုးတွေ့

A d v e r t i s e m e n t With Us

December 24, 2020

ပုသိမ်ရဲစခန်းတွင် အချုပ်သား ၁ ဦး ပိုးတွေ့၊ ရဲနှင့်အချုပ်သား ၂၁ ဦးကို အသွားအလာကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မရဲစခန်းမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က အချုပ်သား ၁ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့တဲ့ အချုပ်သားဟာ အချုပ်ခန်းထဲကို ရောက်တာ ရက်ပိုင်းလောက်သာရှိသေးတာဖြစ်ပြီး ပထမအကြိမ်စစ်ဆေးတာ ပိုးမတွေ့ခဲ့ဘဲ ဒုတိယအကြိမ်စစ်ဆေးတာမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ "သူနဲ့ထိစပ်မိခဲ့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အချုပ်သားတွေကို အသွားအလာကန့်သတ်ထားပါတယ်၊ ရောဂါပိုးရှိ မရှိလည်း စစ်ဆေးဖို့လုပ်နေပါတယ်။ အချုပ်သားတွေကိုတော့ သီးသန့်နေရာထားရှိ သွားမှာပါ။”  ရောဂါပိုးတွေ့ရှိခဲ့တဲ့ အချုပ်သားဟာ ပုသိမ်မြို့မှာနေထိုင်သူဖြစ်ပြီး သနပ်ခါးတုံးရောင်းတဲ့ အလုပ်လုပ်ကာ ခရီသွားရာဇဝင်နဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့ဘူးတာမရှိဘူးလို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် ၉ နာရီထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၁၉၂ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၃၅၅၉ ဦးရှိကာ သေဆုံးသူ ၃၅ ဦးထိ ရှိလာပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
2 months Ago

December 5, 2020

ရွှေကူမြို့နယ် ဒေသခံ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၊ ထိစပ်သူ ၂၀၀ ခန့်ရှိနိုင်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ ဒေသခံတဦးမှာ ပထမဆုံး ကိုဗစ် ၁၉ ပိုးတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။   ပထမအကြိမ် Test Kit နဲ့စစ်ဆေးရာမှာ ပိုးမတွေ့ရှိရဘဲ ဓာတ်ခွဲနမူနာ မန္တလေးဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လူနာအမျိုးသမီးဟာ နေအိမ်ကွာရန်တင်း ဝင်နေရာကနေ ရွှေကူမြို့နယ် ပန်းတင်ကျေးရွာက မင်္ဂလာဆောင်တစ်ခုကို သွားရောက်ခဲ့ပြီး ထိတွေ့ခဲ့သူအများအပြားရှိခဲ့တာကြောင့် ကွာရန်တင်းဝင်ရသူ အနည်းဆုံး ၂၀၀ နီးပါးရှိနိုင်တယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်ေ။ ရွှေကူပူးပေါင်းစစ်ဆေးရေးဂိတ်က စစ်ဆေးတွေ့ရှိတဲ့ ပိုးတွေ့လူနာ ၂၆ ဦးအထိ ရှိခဲ့ပြီး ပိုးတွေ့လူနာအားလုံးနီးပါးက အခြားဒေသကလာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေဖြစ်ကာ အခုပိုးတွေ့လူနာအမျိုးသမီးဟာ ရွှေကူမြို့ခံထဲက ပထမဆုံး ပိုးတွေ့လူနာဖြစ်တယ်လို့ သိရပါတယ်။ ကျော်ဇေယျ(ရွှေကူ)
3 months Ago
Up