ပိုးကင်းစင်လာသူ ၃၁၁ ဦး

August 9, 2020

ဓာတ်ခွဲနမူနာ ၁,၂၉၁ ခုတွင် ကိုဗစ်-၁၉ လူနာသစ်မတွေ့၊ ပိုးကင်းစင်လာသူ ၃၁၁ ဦးရှိပြီ

သြဂုတ် ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၂၉၁ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်မတွေ့ရဘဲ ရောဂါပိုးကင်းစင်လာသူ ၃၁၁ ဦး ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၀၃ ခု၊ ဆေးသုတေသနဦးစီးဌာနက  ၇၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၈၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၃၂၀၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ၁၀၃ ခု၊ စုစုပေါင်း ၁,၂၉၁ ခုအား စစ်ဆေးခဲ့ပါသည်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၁၁ ဦးထဲက ဆေးရုံဆင်းခွင့်ပြုခဲ့ပြီးသူ ၃၀၂ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ သန်းကျော်၊ သေဆုံးသူ  ၇၃၀၀၀၀ ခန့်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၂ သန်းကျော်ရှိပြီလို့ သိရပါတယ်။
3 years Ago
Up